ခန္ဓာကိုယ်အားကိုင်းညွတ်၍ မျက်လုံးချင်းစုံကြည့်ပြီးခေါ်လိုက်ချိန် ထိုကလေးရင်ခုန်သံကိုနားကြပ်မလိုဘဲ ကြားနေရသည်။
ကျွန်တော့်တစ်ကိုယ်လုံး ရေခဲရိုက်ထားသလို ခံစားမိသည်။ hyung က ကျွန်တော့်မျက်လုံးများအား ၁လက်မပင် မကွာတော့သောအနေအထားမှစိုက်ကြည့်နေသည်။ 
ကျွန်တော် တံတွေးတောင်မြိုမချရဲ။ 
ဒီကလေးပုံစံက ကျွန်တော့်စိတ်တွေ 
လွတ်သွားနိုင်စေသည်ထင်သည်။ 
မျက်လုံးအားအနည်းငယ်ရွှေ့၍ 
နှုတ်ခမ်းဆီကို ၁၀စက္ကန့်မျှစိုက်ကြည့်
နေမိသည်။ စိတ်ကိုထိန်းမရခဲ့။
"ဟို hy hyung ကျ ကျတော် ရေသွားသောက်အုံးမယ် "
ထိုသို့ပြောပြီး ကျတော့်အားအသာတွန်း၍ 
အပြေးတပိုင်း ထွက်သွားလေသည်။ 
ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်လိုက်ချင်သည်။ 
လန့်သွားလောက်မလား။ 
ကျွန်တော်ရင်ခုန်နေသည်။ 
တစ်သက်နှင့်တစ်ကိုယ်ပထမဦးဆုံး
ရင်ခုန်ဖူးခြင်း။
                          *****
ရင်ဘတ်ကိုဖိ၍ အလျင်အမြန်ပင်အခန်းထဲကထွက်ခဲ့လိုက်သည်။
hyung က ငါထွက်မလာရင် ငါ့ကိုနမ်း အာ...မဟုတ်လောက်ပါဘူး။ 
ဘာလို့ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ။ ရူးချင်တာပဲ။
                     *****
ဒီတိုင်း ဂျွန်အိပ်မည့်ဘက်နင့်ကျောပေး၍ ခပ်ကွေးကွေးဝင်အိပ်လိုက်သည်။ဂျွန် အိပ်ခန်းထဲ ဝင်မလာသေးပါ။
~ကျွီ~
ခြေသံခပ်ဖော့ဖော့ဖြင့်ထိုကလေးအထဲသို့ဝင်လာသည်ကိုသတိထားမိလိုက်သည်။
နိုးနေကြောင်းမပြဖြစ်ခဲ့ပါ။ 
အနေရခက်နေမည်စိုး၍။
သူကျွန်တော့ဘယ်ဘက်၌ ဝင်အိပ်လိုက်သည်။ထိုကလေးရော ဘာတွေတွေးနေလောက်မလဲ။
                            *****
~ဝါးးးးး~
အိပ်ယာဘေးကိုကြည့်တော့ 
hyung မရှိတော့။ပြန်သွားပြီထင်သည်။
မျက်နှာသစ်ရေမိုးချိုးပြီး 
"မေမေ hyung ကပြန်သွားပြီလား"
"ဟုတ်တယ် မနက်၆နာရီလောက်ကပြန်သွားတာပဲ"
                                      
                                  
                                              YOU ARE READING
𝐷𝑖𝑠𝑐𝑜𝑣𝑒𝑟𝑖𝑛𝑔 𝑆𝑜𝑚𝑒𝑡ℎ𝑖𝑛𝑔♡︎
Romanceနေရောင်ပြပြလေးအောက်မှာ စတော်ဘယ်ရီခင်းတွေနဲ့ပန်းရနံ့တွေ ယာဘက်မှာ စိမ်းစိုနေတဲ့တောင်တန်းတွေနဲ့ ဝဲဘက်ရင်အုံမှာနွေးထွေးလို့🤍🌻 #HunHo
