Part~40

602 76 16
                                    

Unicode Version~

"ဖြည်းဖြည်းမှမစားတာ..."

"ဖြည်းဖြည်းမှမကျွေးတာ..."

"ရော့ အာ!"

ကတောက်ကဆဖြစ်ရပ်တွေကြားယူဂျင်းလေးက ဂယူဗင်းအပေါ်ပိုပွင့်လင်းလာသလိုအရင်ကနဲ့မတူဘဲ ပေါ်လွင်လာတဲ့ခံစားချက်အချို့ကိုထုတ်ပြလာခဲ့သည်။မျက်နှာမမြင်ချင်လောက်မုန်းခဲ့ဖူးတဲ့လူကိုမချေမငံတွေပြောရင်း ဂရုစိုက်ပေးနေတဲ့ ယူဂျင်းလေးရဲ့ပုံစံအနောက်မှာ လေးနက်တဲ့ခံစားချက်တွေကို ဂယူဗင်းခံစားမိသည်။

ဘူဆန်မှာနေခဲ့တဲ့အချိန်လေးဟာ ဂယူဗင်းဘ၀မှာအပျော်ရွှင်ဆုံးဖြစ်ပြီး ယူဂျင်းလေးကလည်း သူ့ကိုမုန်းတီးမှုတွေမရှိဘဲ နားလည်လက်ခံနိုင်လာခဲ့သည်မို့ ဂယူဗင်းတစ်သက်လုံးအမှတ်ရနေမည့်ခရီးစဥ်လေးပင်ဖြစ်သည်။

ဆိုးလ်ကိုပြန်ရောက်တော့ အလုပ်တွေချက်ချင်းပြန်လုပ်တဲ့ဂယူဗင်းကိုယူဂျင်းကဗျစ်တောက်ဗျစ်တောက်ပြောပြန်သည်။အခုတလော ယူဂျင်းက ဂယူဗင်းကို အနိုင်ယူတာမဟုတ်ဘဲ လူကြီးတစ်ယောက်လိုဆူပူနေတော့တာဖြစ်သည်။စာတွေကြောင့် မအားမလပ်ဖြစ်နေတာတောင်မှပဲ ဂယူဗင်းကိုဆူဖို့တော့အချိန်ရသည်။

"အလုပ်တွေကိုဘာလို့အိမ်သယ်လာတာလဲလို့..."

"ဒါလေးကနည်းနည်းအရေးကြီးလို့သယ်လာတာပါဗျာ။ခဏနဲ့ပြီးတာမို့ ကိုယ်မပင်ပန်းပါဘူး။"

"နောက်ဆိုဦးလေးကိုကျွန်တော်ပြောထားမယ်၊ကိုကို့ကို၀ိတ်ကျတဲ့အထိအလုပ်တွေအများကြီးမပေးပါနဲ့ဆိုပြီး..."

"ဟော မဟုတ်တာ...ဖေဖေကတောင်ကိုယ့်ကိုနားခိုင်းတယ်သိလား။ကိုယ်ကလောဘကြီးလို့လုပ်တာပါ။"

"အဲ့တာပြောတာလေ ဘာလို့ဒီလောက်တောင်မနားမနေလုပ်နေရတာလဲဆို။ကိုကိုအဲ့လောက်မလုပ်လည်း လုံလောက်တဲ့ပိုင်ဆိုင်မှုတွေရှိနေတာကို.."

"အင်း အဲ့တာတော့ဟုတ်ပေမဲ့ကိုယ်ကအိမ်ထောင်ဦးစီးလေ။လူပျိုလူလွတ်တစ်ယောက်ဆိုရင်တော့ ယူဂျင်းလေးပြောသလို ဖေဖေတို့ပိုင်ဆိုင်မှုတွေနဲ့အခန့်သားလေးနေမှာပေါ့။ဒါပေမဲ့အဲ့လိုမဟုတ်ဘူးလေ...
ယောင်္ကျားတစ်ယောက်အနေနဲ့ ကိုယ်တာ၀န်ယူရမှာတွေရှိတယ်။ယူဂျင်းလေးရဲ့ဘ၀ကိုရော ကိုယ်တို့အိမ်ထောင်ရေးကိုရော...."

𝑬𝒗𝒆𝒏 𝑰𝒇 𝑰'𝒍𝒍 𝒃𝒆 𝒃𝒐𝒓𝒏 𝒂𝒈𝒂𝒊𝒏,𝑰'𝒍𝒍 𝒄𝒉𝒐𝒐𝒔𝒆 𝒐𝒏𝒍𝒚 𝑼Where stories live. Discover now