Zawgyi
ဆိုင်ကယ်အနက်လေးသည် ကိတ်မုန့်ဆိုင်လေးရှေ့၌ ရပ်သွားကာ ကောင်လေးနှစ်ယောက်ဆင်းလာကြသည်။မိမိစားနေကျ ကိတ်မုန့်ဆိုင်ဖြစ်နေသောကြောင့် Jeongwoo အံ့သြသွားကာ
"ခင်ဗျားလည်း ဒီဆိုင်ကိုသိတာလား။ကျွန်တော်လည်း ဒီဆိုင်ကကိတ်ဆို အရမ်းကြိုက်တာ။ခင်ဗျားရော.."
"အင်း...ကြိုက်တယ်။"
စိတ်လှုပ်ရှားကာ ပျော်ရွှင်နေသော ကောင်လေးကိုကြည့်ကာ Haruto နှုတ်ခမ်းများကော့ညွတ်သည်အထိပြုံးလိုက်ရင်း ပြန်ဖြေလိုက်သည်။ကိတ်ဆိုင်ကို ကြိုက်ခြင်းမဟုတ်ဘဲ ကိတ်မုန့်ကြိုက်သည့် ကောင်လေးကိုသဘောကျခြင်း ဖြစ်သည်ကိုတော့ Jeongwoo မသိရှိခဲ့ပေ။
ဆိုင်ထဲအရောက်တွင် Haruto ကောင်တာဆီသို့သွားကာ
"ချောကလက်ကိတ်တစ်ခု၊Latte တစ်ခွက်နွားနို့ပိုထည့်ပေးပါပြီးတော့ Americano တစ်ခွက်"
ထို့နောက် Jeongwoo လက်ကိုဆွဲကာလှည့်အထွက်
"အယ်...ခဏလေး..ကျွန်တော်မမှာရသေးဘူးလေ။"
"မင်းအတွက်မှာပြီးပြီ။ကိတ်နဲ့ Latte မင်းကခါးတာမကြိုက်ဘူးမလား။"
"အမ်..ကျွန်တော် အခါးမကြိုက်တာဘယ်လိုသိလဲ။ချောကလက်ကိတ်ရောပဲ ကိတ်ထဲမှာအဲတစ်ခုပဲကျွန်တော်ကြိုက်တာ။"
မျက်လုံးပြူး မျက်ဆန်ပြူးနှင့် အံ့အားသင့်နေသော Jeongwoo ကို Haruto အသည်းယားလာသဖြင့် နဖူးကို ဖျတ်ခနဲ တောက်လိုက်ကာ
"ငတုံးလေး...အရင်တစ်ခေါက်တုန်းကတောင် မင်းကိုချောကလက်ကိတ်ဝယ်ကျွေးဖူးတာပဲ။မင်းမေ့နေတာလား။"
"ဒါ...ဒါဆို..ခင်ဗျားက ဟိုလူကြီးပေါ့။"
"အရူးလေး..."
Haruto ထိုသို့ပြောပြီးနောက် ဆိုင်ထဲရှိ ထောင့်အကျဆုံးစားပွဲဝိုင်းဆီသို့ လျှောက်သွားကာ ထိုင်လိုက်သည်။Jeongwoo လည်း နောက်မှ ကမန်းကတမ်းလိုက်ကာ မျက်နှာချင်းဆိုင်ခုံ၌ ဝင်ထိုင်လိုက်ရင်း
"ခင်ဗျား ဘာလို့အရင်ကတည်းကမပြောရတာလဲ။"
"မင်းကရော မေးလို့လား။ပြီးတော့ ခင်ဗျားဆိုတာတော်တော်ပြောကောင်းနေလား။ကိုယ်မင်းထက် စီနီယာနော်။"
YOU ARE READING
Travel to my father's past
Fanfictionအဖေဖြစ်သူရဲ့ အတိတ်ကိုရောက်ရှိသွားသော ကောင်လေးတစ်ယောက် အတိတ်ကအဖြစ်အပျက်များကိုအလုံးစုံသိရှိသွားသောအခါ အဖေဖြစ်သူရဲ့ အတိတ်ကိုရောက်ရှိသွားသော ကောင်လေးတစ်ယောက် အတိတ်ကအဖြစ်အပျက်များကိုအလုံးစုံသိရှိသွားသောအခါ