သရဲစိမ်းတစ်ကောင်ဝင်လာတယ်

1.4K 168 35
                                    

အဖြစ်ပျက်တွေပြီးလို့ငါးပတ်ကြာပြီးတဲ့နောက်မှာ ‌အရာအားလုံးငြိမ်သက်နေပြီး ရိပေါ်နဲ့အရုပ်လေးဟာလဲ သိပ်ကိုအဆင်ပြေနေခဲ့တယ် ထွက်သွားမယ်ဆိုတဲ့စကားကို‌မပြောတော့တဲ့ရိပေါ်ကအရုပ်လေးကိုကောင်းကောင်းထိန်းကျောင်းနိုင်တယ် တစ်ခုပါပဲ တစ်ခါတစ်လေ ရိပေါ်ကို လူလုံးပြပြီး နမ်းတယ် စကားပြောတယ် ရိပေါ်ရဲ့ ရင်ခွင်ထဲလာတိုးအိပ်တယ် ကိုကို ကိုကိုဆိုပြီး လာလာချွဲတတ်တယ် ကလေးတစ်ယောက်ရဲ့ပျော်ရွှင်မှုဘဝကိုအပြည့်အဝမရခဲ့တဲ့သခင်လေးရှောင်းကရိပေါ်ကိုသိပ်ခင်တွယ်လွန်းတယ် ကလေးတစ်ယောက်လိုနေတတ်‌တဲ့ရှောင်းလေးက ညအချိန်စိတ်ပါရင်ပါသလို ရိပေါ်ကိုကုတင်ပေါ်တင်သေးတာ စိတ်တိုတဲ့အချိန်တွေနဲ့ ကုတင်ပေါ်ကအချိန်တွေဆိုရိပေါ်အခုထိနေသားမကျသေး ရှောင်ကျန့်ဆိုတဲ့အရုပ်လေးက အဲ့အချိန်တွေမှာကြောက်ဖို့ကောင်းအောင်ကြမ်းတမ်းလွန်းလို့ပင် အခုဆိုဒေါ်ကြီးကျင်းလဲပြန်ရောက်နေတာရှေ့တစ်ပတ်ထဲကပင် ဒေါ်ကြီးကျင်းကတော့ရှောင်ူသခင်လေးအကြောင်းသိနေ၍ အေးအေးဆေးဆေးပင် ရိပေါ်ကိုလဲ အရင်ကထက်အမြင်ကြည်လာကာ ဖော်ရွေလာသည် ရှောင်းလေးကို ရိပေါ်က ထမင်းမကုန်လို့ဆူပူတာမျိုး ထားခဲ့တဲ့နေရာမှာရှိ‌မနေတာမျိုးကြောင့် ဆူနေရင်ပြုံးပြုံးလေးကြည့်နေတတ်သည်

"ရှောင်းလေး ရှောင်းလေး !!"

"မင်းနော်ငါမခေါ်ဘဲနေလိုက်မှာ "

"ကိုကို "

"မင်းဘယ်မှာလဲ အသံပဲပေးပြီးကိုယ်ဖျောက်မထားနဲ့"

"ဟားဟား"

နေ့လည်ခင်းမှာ ခဏလေးအိပ်ပျော်သွားတဲ့ရိပေါ် ဟာ အိပ်နေတုန်းပျောက်သွားတဲ့အရုပ်လေးကိုလိုက်ရှာနေရတယ် အရုပ်လေးပါပျောက်နေတာကြောင့်ခေါင်းခြောက်နေရပြီ အသံသာပေးပြီးရုပ်ကြမပြဘူး အပေါ်ထပ်မှာရှာတာမတွေ့တာကြောင့်အောက်ထပ်ကဧည့်ခန်းကိုရောက်လာသည် ဧည့်ခန်းမှာလဲမရှိ ပန်းအိုမှာပန်းထိုးနေတဲ့ဒေါ်ကြီးသာရှိလေသည် အကြာကြီးရှာနေရတာကြောင့်ရိပေါ် စိတ်အချဉ်ပေါက်လာသည် ကလေးလဲမဟုတ်ဘဲအဆော့သန်လွန်းတဲ့ရှောင်းကျန့်ကြောင့်ပင်

အရုပ်ကလေးအသက်ဝင်နေသည်Where stories live. Discover now