အခန်း(၇)

23.2K 739 35
                                        

"ဒါဆို ကျွန်မတို့ ၄လပိုင်း ၃ရက်နေ့မင်္ဂလာပွဲကျင်းပမယ် သင်္ကြန်ပြီးရင်ဆိုတော့ကြာနေမှာပေါ့ "

"ဒါလည်းကောင်းပါတယ်မြန်မြန်ပြီးတော့ကျွန်တော်လည်းတရားစခန်းဝင်ရမယ် ပြီးတော့ကျွန်တော့ဘက်ကနွား၅ကောင်လယ်၃ကွက်နဲ့တင်တောင်းပါ့မယ်"

"အို .ရပါတယ်နှစ်ယောက်လုံးကယောင်္ကျားလေးတွေဘဲဉစ္စဒါတွေမလိုပါဘူးရှင်"

အော်အမေတို့များကိုယ့်သားချောချောလေးအတွက်တန်ဖိုးတောင်မယူဘူး...

"ဒါဆိုရင်လည်း ပွဲကုန်ကျစရိတ်တော့ကျွန်တော်ပေးပါမယ် ဒါတော့မငြင်းပါနဲ့ မစိန်ကြည်တို့သားကငယ်ငယ်လေးပံရှိသေးတာကိုဒီလောက်တော့ကျွန်တော့်ဘက်ကလုပ်ပေးချင်တယ်"

"ဟုတ်ကဲ့ပါရှင့် ဒါဆိုကော်ဖီနဲ့မုန့်သောက်ကြပါဉီး"

လင်းညို့ကတော့ဒီလိုဖြစ်လာမယ်လို့တွေးတောင်မတွေးမိ ကိုယ်လုပ်တာကိုယ်ခံရတော့တာပဲဟူး...

"ကျွန်တော်တော့ပြန်ဉီးမယ် ဒါဖြင့်"

"ဟုတ်ကဲ့ပါအိမ်ရှေ့ထိလိုက်ပို့ပေးပါမယ်ရှင်ဟဲ့သူ့ထက်သာလာလေ "

"ဟာ..အမေကလည်းသားဒီပုံကြီးနဲ့အရှေ့ဘယ်လိုထွက်ရမှာလည်း အပေါ်တက်တော့မယ်တစ်ကိုယ်လုံးယားနေပြီ"

"ဟုတ်သားဘဲမစိန်ကြည်ရယ် ကလေးကိုသွားနားပါစေတော့"

တော်သေးတာပေါ့ ဟိုလူကြီးရဲ့အဖေကဝင်ပြောပေးလို့အမေကတကယ်ထွက်ခိုင်းမည်ပုံခိုင်းမည့်ပုံ အပေါ်ကိုသာထဘီစ မကာခပ်တွက်တွက်တက်သည်။ အခန်းထဲရောက်တာနဲ့အင်္ကျီတွေချွတ်ကာငိုလိုက်သည် ။ ယောကျ်ားကြီးယူရတော့မယ် မိန်းကလေးတစ်ယောက်နဲ့မှတောင်မတွဲရသေးဘူး ကျောင်းစာကိုဘဲအသည်းအသန်ကြိုးစားခဲ့တာမို့ ဒီကပြန်လို့ရှိရင်တော့ကောင်မလေးတစ်ယောက်ထားအုံးမယ်လို့တွေးထားသမျှသဲထဲရေသွန်ဖြစ်ကုန်ပြီ။

......................................

"အဖေ ကျွန်တော်ပြောစရာရှိ..."

"ငါ့ကိုဘာမှလာမပြော လင်းညို့မောင်မောင် ကိုယ်လုပ်ထားတာကိုယ်သိ "

သူကြီးကတော် မြို့ကြီးသားWhere stories live. Discover now