Part--17

1.8K 44 22
                                    

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--17}
************💘*************

" ရစ်ရေ...ငရစ် ! တံခါးဖွင့်ပါဦးဟ...
  ငါ့ အခန်းထဲက ရေချိုးခန်းရေပိုက်က ရေမလာ
  တော့လို့ ...ရစ်ရေ "

" ----------------------- "

" ဟာ...တံခါးကအပြင်ကပိတ်ထားတာပဲ !
  ဒီငလူးက ဘယ်ရောက်နေပြန်လဲဟ "

" အကိုလေး "

စိုင်း ရစ်အခန်းရှေ့တွင် မကျေမလည်ရေရွတ်နေတုန်း ကိုမျိုး ခေါ်သံကြား၍ လှည့်ကြည့်မိတော့

" သခင်လေးက မရှိဘူးလေ !
  သခင်ကြီးရယ် အကိုလေးရဲ့ အစ်ကို ကိုမင်း
  ဆိုတာနဲ့ အတူ ထွက်သွားကြတယ် "

" အမ်...ဘာ ! လုပ်ပြန်ပြီ ...မပြောမဆိုနဲ့ !
ဒါနဲ့...ဦး အဲ ဦးကမ္ဘာဦးရော တွေ့မိလား "

" အဲ့ဒါတော့...မသိဘူး "

" ပြီးရောကွာ "

စိတ်ပျက်ပျက်ဖြင့် ကိုမင်း အခန်းထဲဝင်ချိုးဟန်ပြင်သော်လည်း တံခါးပိတ်ထားခဲ့၍ တိုင်ပတ်
ရသူက စိုင်းပါပဲ

" ဦး အခန်းတော့ မပိတ်ထားလောက်ဘူးမလား "

အတွေးဖြင့် ဦး အခန်းဆီ လာပြီး တံခါးခေါက် အသံပေးပြီး ဖွင့်လိုက်တော့ ပွင့်သွားတာမို့ စိုင်းလည်း ဝင်ခဲ့မိ၏။

" ဦးး "

" ဦးကမ္ဘာဦးရေ "

" ရော်... လူကဘယ်ရောက် ! ရှုပ်ပါတယ် ကွာ
  ငါ့ ဖာသာပဲ ရေချိုးပြီး သွားတော့မယ် "

ဘေးဘီဝဲယာ ဘယ်မှမကြည့်ဘဲ ရေချိုးခန်းထဲ တန်းဝင်သွားသည့် စိုင်း နှင့်
မရှေးမနှောင်းမှာပဲ
ဝရန်တာဘက်မှ ပြန်လာပြီး သူ့အခန်းဆီ ပြန်ဝင်လာသည့် ကမ္ဘာတို့က တေ့လွဲလေးသာ

" အမ်...ငါ bathrobe လည်း မပါလာပါလား !
  ကောင်းရောကွာ ...ကျစ် "

စိုင်းလည်း တွေ့ရာ သဘက်အကြီးတစ်ခုကိုသာယူပြီး ခါးမှာပတ်လျက် ထွက်ခဲ့မိတော့သည်။

" ဘုတ်...အင့် "

" ဟ...မင်း ဘယ် ဘယ်လိုလုပ် "

ရေချိုးခန်းတံခါး ဖွင့်ထွက်လာသည့် စိုင်း နှင့် ရေချိုးရန် ရေချိုးခန်းထဲဝင်ဖို့ တံခါးဖွင့်ဟန် ပြင်လိုက်သည့် ကမ္ဘာ ပက်ပင်းတိုးမိသည့်အခါ

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘Where stories live. Discover now