~အပိုင်း(၁)~

559 39 0
                                    

"ဝါး.......online ပေါ်ကပစ္စည်းတွေအကုန်လုံးကဘာလို့
ဒီလောက်တောင် လိုချင်စရာကောင်းနေရတာလဲကွာ"

"ထွက်သမျှကလဲ ငါ့အကြိုက်တွေဖြစ်နေတော့ပိုဆိုးတာပေါ့။ အော်...ဘဝ ဘဝ ပိုက်ဆံမရှိတော့ခက်ခဲလိုက်တာနော်"

online shopရဲ့page တစ်ခုထဲကိုဝင်ပြီးညည်းညူ
ပြောနေသူက အခြားသူမဟုတ် ဘာပစ္စည်းအသစ်လေး ထွက်ထွက်လိုချင်နေသူ အမောင်ရှောင်းကျန့်လေးဖြစ်ပါတယ်။

ရှောင်းကျန့်လေးဟာဆိုရင်တော့ ကျောင်းပြီးထဲက မိဘလုပ်စာထိုင်စားရင်း ပိုက်ပိုက်ထိုင်ဖြုန်းနေတဲ့ လူဆိုးပေါက်စလေးဘဲဖြစ်ပါတယ်။

ကျောင်းပြီးထဲက ဘာအလုပ်မှသေချာမလုပ်သေးဘဲ
(အမှန်က ဘာအလုပ်မှမရှာတာဆိုပိုမှန်မယ်) အိပ်လိုက်၊စားလိုက်၊ထွက်သမျှပစ္စည်းအသစ်လေးတွေကို ပါးနဲ့မားကိုပူဆာလိုက်၊ ပူဆာလို့မှမဝယ်ပေးရင် ပါးအိတ်ထဲကဘတ်ရင်ဘတ် မဘတ်ရင်မားကစျေးဝယ်သွားခိုင်းလို့ ပိုတဲ့ငွေအကုန်ငါ့ငွေဆိုပြီးလဲ သိမ်းတက်ပါသေးတယ်။

အခုလဲ လူဆိုးလေးကသူသဘောကျတဲ့ Brand ကနေအင်္ကျီအသစ်လေးထွက်မယ်ဆိုလို့ဘယ်လိုဝယ်ရင်ကောင်းမလဲလို့ စဥ်းစားခန်းဝင်နေပါပြီ။
စဥ်းစားနေရတဲ့ အကြောင်းကလဲဟိုလကမှဖိနပ် desingဆန်းလေးထွက်တာဝယ်ထားမိလို့ ဘားဂျက်အတော်လေးထိခိုက်နေတယ်လေ။

"ဟူးး ငါ့ကျမှဘာလို့မတရားရတာလဲ သဘောကျလို့ လိုချင်ပြီဆိုပိုက်ဆံကဘယ်တော့မှမရှိ။"

"ပါးနဲ့မားကိုလဲ ပူဆာလို့မဖြစ်တော့ဘူး ဒီလထဲdeliတွေလာဒါများလို့ နောက်တစ်ခါdeliလာရင် အိမ်ပေါ်ကခေါင်းနဲ့ဆင်းရမယ် ကြိမ်းထားသေးတယ်။"

"ဘယ်လိုဝယ်ရင်ကောင်းမလဲ အကြံထုတ်စမ်းပါ
ရှောင်ရှောင်းကျန့်ရယ်"

"မင်းလိုချင်တယ်မလား ဒါဆိုရအောင်ဝယ်ရမယ်။"

"ဟာ...ဟုတ်ပြီ ဟိုနေ့ကမားသွားဝယ်ခိုင်းထားတဲ့အကြောဆေးတွေကို စျေးတက်သွားပြီလို့ပြောလိုက်မယ်။ပြီးတော့ သားပိုက်ဆံစိုက်လာခဲ့တယ်ဆိုပြီး ပြန်တောင်းလိုက်မယ်။"

Deliသမားလေးရဲ့ချစ်ရသူ (one shot)Where stories live. Discover now