~End~

402 45 0
                                    


ညနေ၃နာရီလောက်မှာ ရှောင်းကျန့်ဆီကိုမနက်ကဆက်တဲ့ဖုန်းနံပါတ်လေးပြန်ဝင်လာခဲ့တယ်။ရှောင်းကျန့်ဖုန်းကိုင်လိုက်တာနဲ့တစ်ဖက်ကပြောလာတဲ့လူကတော်တော်လေးပျော်နေပုံဘဲ ဒီလူဘာတွေများပျော်နေလဲမသိဘူး။
သူကတော့အဲ့လူကိုတွေ့ပြီး ထုထောင်းပစ်ချင်နေတာဘဲသိတော့တယ်။

"ဟဲလို ပေါင်ပေ့လေးကိုယ်မင်းလေးတို့လမ်းထိပ်မှာရောက်နေပြီ အိမ်လိပ်စာသေချာမပေးထားတော့ကိုယ်အိမ်တိုင်ရာရောက်လာမပို့ပေးနိုင်ဘူး။တစ်ကယ်လို့ပေါင်ပေ့ဆန္ဒရှိတယ်ဆိုရင် အိမ်နံပါတ်ပြောကိုယ်ပေါင်ပေ့အိမ်ရှေ့အရောက်လာခဲ့မယ်။ပေါင်ပေ့လေးလဲ လမ်းလျောက်စရာမလိုသလို ခြေညောင်းလဲမခံရတော့ဘူးပေါ့။ဘယ်လိုလဲ ကိုယ်ပြောတဲ့အစီအစဥ်ကိုသဘောကျရဲ့လား။"

ရှောင်းကျန့်တကယ်လက်လန်နေပြီ ဒီလူ့အသံကဆွဲဆောင်မှုရှိသလောက်ဘယ်လိုတောင်ပြောရဲဆိုရဲရတာလဲမသိဘူး။အခုတော့အပြင်မှာတွေ့ရတော့မှာဆိုတော့ နည်းနည်းဘဲသည်းခံလိုက်သူ့ဆန္ဒတွေပြည့်တော့မှာပါ။သူ့ဆန္ဒကတော့ သူ့ကိုရိသဲ့သဲ့လုပ်နေတဲ့ အဲ့လူကိုတွေ့ချင်သလို သူ့ကို​အဲ့လူကသူ့ရည်းစားလိုပိုင်စိုးပိုင်နင်းပြောအားကြီးလို့ထုထောင်းချင်နေတာလဲပါတာပေါ့။

"ရတယ်မလာနဲ့ကျွန်တော် ထွက်လာခဲ့မယ်လမ်းထိပ်မှာဘဲစောင့်နေ။"

ပါးနဲ့မားမသိအောင်ပစ္စည်းတွေခိုးဝယ်ပါတယ်ဆိုဒီလူ့ကြောင့်မိတော့မှာဘဲ စိတ်ညစ်တယ်ဘယ်လိုလူနဲ့လာတွေ့လဲမသိဘူး။အသံလေးကတော့မဆိုးဘူးဆိုပေမဲ့ ရုပ်ကတော့ဘယ်လိုလဲမသိသေးတော့သူလဲသိပ်မပြောတက်။

"Ok! မြန်မြန်တော့လာခဲ့နော် ကိုယ်ပေါင်ပေ့ကိုအရမ်းတွေ့ချင်နေပြီ။ပေါင်ပေ့လဲကိုယ့်ကိုတွေ့ပြီးကိုယ့်ပြောပြမဲ့ချစ်စကားတွေကိုအရမ်းနားထောင်ချင်နေပြီမလားမလိမ်နဲ့နော်။"

"ဘာပြောတယ်ဘယ်သူက ခင်ဗျားပြောတာနားထောင်ပေးမယ်ပြောမိလို့လဲ ကျွန်တော်ကပစ္စည်းယူပြီးတာနဲ့တန်းပြန်မှာဘာမှနားထောင်ချင်မနေဘူး။အဲ့တာကိုခင်ဗျားကောင်းကောင်းသိထား။ဒါဘဲ အခုကျွန်တော်ထွက်လာခဲ့မယ်။"

Deliသမားလေးရဲ့ချစ်ရသူ (one shot)Where stories live. Discover now