အခန်း1

109 10 2
                                    

စောင့်နေသူ

               " ဝေါ....ဝေါ....ခင်ရီရယ်မြန်မြန်လာပါဟာအစကတည်းပြောတယ်နင်ကိုမိုးချုပ်စေနဲ့လို့အခုတော့ဘယ်လိုလုပ်မလဲ"

            "အမလည်းငါလည်းဘယ်လိုလုပ်ရမှာလဲအလုပ်တွေကနင်သိတဲ့အတိုင်းဖျက်လို့မှမရတာငါလည်းစောစောပြန်ချင်တာပေါ့"

          ခင်သန်းတစ်ယောက်တွေးနေမိတယ်ဒီအိမ်ကြီးရှေ့ကနေဘယ်လိုများဖြတ်ပြီးပြန်လို့ရပမလဲနော်မိုးတွေကလည်းရွာလိုက်တာ

            "ခြိမ်း.....ခြိမ်း.....ကဲပါမြန်မြန်လျှောက်ဘာမှမပြောနဲ့တော့ခင်ရီသွက်သွက်လေးလျှောက်နင်လည်းသိသားနဲ့ဟိုအိမ်ရှေ့ကဖြတ်ပြန်ရမှာငါတော့သေချင်တယ်ဟာ"

        "  အမကလည်းမကြောက်ပါနဲ့ငါတစ်ယောက်လည်းရှိပါတယ်အေးနင်ရှိလို့ပိုကြောက်တာအရေးဆိုနင်ကငါကိုထားခဲ့မှာတကတည်းတော်မပြောချင်ဘူး"

         လေတွေကလည်းကြမ်းကြမ်းတိုက်နေပြန်သည်ထိုအချိန်မှာ

          " အူး......အူး......အူး...."

         ခင်သန်းတစ်ယောက်ကြက်သီးတဖြန်းဖြန်းထသွားသွားသည်ဘာကြောင့်မို့ခွေးတွေကရုတ်တရပ်ကြီးအူနေတာလည်းစဥ်းစားမရအောင်ဖြစ်နေမိသည်

           "ခင်ရီနင်....ကြားလား"

      "  ကြားတယ်အမဘာလို့ခွေးတွေကရုတ်တရပ်ကြီးအူနေကြတာလဲမသိဘူးအမ"
  
       "  စိတ်ညစ်ပါတယ် အဲတာကဟိုအိမ်နဲ့နီးနေလို့ပိုပြီးစိုးရိမ်တယ်ဟာ"

       "  အင်းခက်တယ်အမရာအဲဒီအိမ်ရှေ့ကမဖြတ်ချင်ဘူးခင်ရီကြောက်တယ်အမ"

       "  အခုမှတော့ကြောက်နေဘာလုပ်လို့ရမှာလဲဖြတ်ရတော့မှာပေါ့"

          ခင်သန်းတို့ညီမနှစ်ယောက်ပါညီမလေးကခင်ရီကျွန်ုမတို့ကစျေးရောင်းတာဟိုဘက်ရွာမှာအရင်ကဒီလိုနောက်မကျဘူးဒီနေ့ကျမှကုန်တွေရောက်လာလို့နောက်ကျနေတာ

          ခင်သန်းတို့ရွာနာမည်ကကျီးမဲရွာလေးပါအကုန်လုံးကရိုးသားကြတယ်ဘာသာတရားလည်းအရမ်းလုပ်ကြတယ်အေးချမ်းတဲ့ရွာလေးပါ

        ကျွန်ုမတို့ရွာကကြောက်ရတဲ့အရာတစ်ခုရှိတယ်

      အဲတာက....ဟိုးရွာအပြင်မှာရှိတဲ့အိမ်ကြီးပေါ့ညတွေဆိုရင်မီးတွေလင်းလာပြီးသီချင်းသံတွေကြားရတဲ့အိမ်ကြီးလေ

လူတွေလည်းမနေဘဲနဲ့လူတွေနေသလိုဖြစ်နေတဲ့အိမ်ကြီးလေအဲဒီအိမ်ကြီးမှာအရမ်းကိုဝမ်းနည်းစရာကောင်းတဲ့အဖြစ်အပျက်လေး
တစ်ခုရှိခဲ့ဖူးတယ်

သိပိကိုသနားစရာကောင်းတဲ့မိသားစုလေးတစ်စုရဲ့အကြောင်းပေါ့ကြားရတဲ့လူတွေရဲ့ရင်ထဲမှာဘယ်တော့မှမမေ့နိုင်ပဲအမြဲလွမ်းကျန်နေရစ်မယ်ပုံပြင်လေးတစ်ခုဆိုလည်းမမှားပါဘူးလေ

တမလွန်ကချစ်သူजहाँ कहानियाँ रहती हैं। अभी खोजें