အပိုင်း (၈)

11.3K 631 31
                                    

{Unicode}

... ငါ့မိန်းမဆိုတော့
ငါ သတ်လို့ပဲ သေရမှာပေါ့။

***

ယခင်အပိုင်းမှ အဆက်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ယခင်အပိုင်းမှ အဆက်...

"ဒီကို မလာသေးဘူးလား?"

အစ်ကို့အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်...။ ထိုအသံရဲ့အားပါမှုကြောင့် ကျွန်တော်သာမက အရီးလေးတို့ပါ ကြောက်ရွံ့ထိတ်လန့်သွားဟန်...။

အစ်ကိုကတော့ အိမ်ပေါ်က ဆင်းလာသည့် လှေကားခုံဘေးနားအောက်ခြေမှ ခါးနှစ်ဖက်ကို ထောက်ကာ ခေါ်လာသည်။ ကျွန်တော့်မှာတော့ အစ်ကို့ကိုတောင် ရဲရဲမကြည့်ရဲသလို...။ အရီးလေးတို့ကလည်း အုပ်စုဖွဲ့၍ ပျိုးငယ်ကို ကာကွယ်ပေးနေဟန် ရှိသည်...။

သို့ပေမယ့် အစ်ကို့အကြောင်း သိနေသည်မို့ ပျိုးငယ် လုံခြုံသည်ဟု မခံစားရ....။
အစ်ကိုကတော့ ကျွန်တော့်ကို ဘာမှမပြောဘဲ အချိန်အတော်ကြာ ရပ်ကြည့်နေရင်းမှ ထိုသို့ သူ့ဆီကိုမလာတာက သူ့စိတ်ကိုပိုပြီး ကြွစေနိုင်သည် ထင်သည်....။

အံကြိတ်သံကို ကြားရပြီး မီးဖိုခန်းတွင်းသို့ ဝင်သွားလေပြီ။ ခဏအကြာမှာတော့ မီးဖိုခန်းအတွင်းမှ ပြန်ထွက်လာချိန်မှာတော့ သူ့လက်စွဲတော် ငှက်ကြီးတောင် ဓားရှည်နှင့်အတူ....။

ထိုဓားကို မြင်ချိန်မှာတော့ အရီးလေးတို့က မျက်လုံးမျက်ဆံပြူးလျက်....

"အငယ်လေး... သားငဦးကို ဘာများ သွားပြောလိုက်လို့လဲကွယ်...။"

အရီးလေးက မေးလာချိန်မှာတော့... ကျွန်တော်လည်း ခေါင်းကို ခါရမ်းကာ...

"ပျိုးငယ်... ဒီအတိုင်း အစ်ကို့ကို စ,ရုံလေးပဲကို...။ ပျိုးငယ် အစ်ကို့ကို မကွာနိုင်ပါဘူး....။"

မင်းက ငါ့မိန်းမဖြစ်လာမယ့်သူ (s2- complete)Where stories live. Discover now