အပိုင်း(18)

2.2K 72 0
                                    

အပိုင်း(18)

ပုံအတွက်ပြင်ပေးထားသည့်အခန်းမှာသူ့အခန်းနှင့် သမီးလေးရဲ့အခန်းအရှေ့တည့်တည့်မှာ
ဖြစ်ပြီး ပုံသမီးလေးနှင့်အတူနေချင်သော်လဲ
အနေမခံသော သူ့ကြောင့် အောင့်သက်သက်ဖြင့်သာအခန်းထဲထိုင်နေရသည်။

အခန်းထဲအဲကွန်းမှာစိမ့်သော်လဲ ပုံရင်ထဲ
အတော်ကို ပူလောင်နေမိသည်။

ဒီမှာ မျက်ဝန်းတွေအများကြီးရှိသောကြောင့်အရာရာကိုပုံ သတိထားပြီးနေရတော့မည်။

တစ်ဆက်ထည်း စိမ့်ရေဆိုသောအမျိုး
သမီးအားပုံမတွေ့။ဒီအိမ်ကထွက်သွားတာတော့
မဖြစ်နိုင်။သူကလဲ ထိုမိန်းကလေးကို
နှင်ထုတ်မှာမဟုတ်။

ပုံကသာ အမှတ်မရှိပဲ တစ်ခါတစ်ခါစိတ်များ
နူးညံ့ချင်မိသလို ဖြစ်သွားပြီး သူတို့ကတော့
အခုထိ ဖောက်ပြန်လို့ကောင်းဆဲ။ပုံမျက်ဝန်း
မမြင်ခဲ့တာကို အခွင့်အရေးယူပြီး နှစ်ဦးသား
ပုံကို အရူးလုပ်ခဲ့တာဖြစ်သည်။

ပုံတွေးလဲတွေး မျက်ဝန်းမှ မျက်ရည်များ
စီးကျလာ၍ အံလေးအားကြိတ်ထားကာနာကျင်လာသောရင်ဘက်လေးအား
အသိဖိပစ်၍...

ဟုတ်တာပေါ့ အခုဆို ဧည့်ခန်းတွင်
ပုံဓာတ်ပုံမရှိတော့တာသက်သေပင်
ပုံ သူ့ကိုချစ်ခဲ့မိသလောက်ကို မုန်းမိသည်။

ငိုထားသောကြောင့် ပါးပြင်အထက်
သနပ်ခါးလေးများမှာ ပြောင်သလင်းခါနေ၍
မျက်နှာလေးမှာ ဝင်းစက်စက်လေးဖြစ်နေတော့သည်။

ပုံ ထိုမျက်နှာလေးအား မြင်နေရသော
မှန်တင်ကုန်လေးအနား လျှောက်သွား၍..
ထိုမျက်နှာလေးအား စူးစ်ိုက်ကြည့်ကာ
နှုတ်ခမ်းလေးအားဖိကိုက်ထားမိတော့သည်။

''ဒေါက်...ဒေါက်.. "

''မိန်းကလေး သူဌေးက ရေးချိုးထားပါတဲ့
ပြီးရင်ညနေစာစားဖို့လာခေါ်မယ် ပြောခိုင်းလို့ပါ...''

ရုတ်တရပ်အသံကြောင့် ပုံ အလန့်တကြားလေး
ဖြစ်သွား၍...

''ဟုတ်ကဲ့..."

ပုံစကားအဆုံး အခန်းအရှေ့မှထွက်သွားသော
ခြေသံကြောင့် ပုံအမြန်ပင်ရေချိုးခန်းထဲ
ပြေးဝင်လာ၍...

ဆိုးခွင့်....(ပထမတွဲ+ဒုတိယတွဲ)Un-Zawgyi(Complete) Where stories live. Discover now