၄၂

1.5K 220 10
                                    


အပိုင်း ၄၂

ဒီနေ့ ဟော့ချန်းက အပြင်စောစော ထွက်သွားတယ်။ သူရဲ့ ဆဌမအာရုံအရ ပြိုင်ပွဲက ကြမ်းတမ်းသထက် ကြမ်းတမ်းလာမယ်လို့ ပြောနေတယ်။ စောင့်နေရုံနဲ့ မလုံလောက်တော့ဘူး။ လူတိုင်းက လုပ်နိုင်စွမ်းအားတွေ ထုတ်ပြလာကြတော့ အချိန်ကျလာတဲ့အခါ ထိန်းနိုင်တော့မှာ မဟုတ်ဘူး

သူက ကုမ္ပဏီသို့ ရောက်သည်နှင့် လက်ထောက်ကို ပြောလိုက်သည်။
“ ဘယ်သူက ဟင်းချက်အတော်ဆုံးလဲလို့ လိုက်မေးပြီး ဒီနေရာကို လာခိုင်းလိုက်ပါ”

လက်ထောက်က ကြောင်အသွားသည်။

“ ချက်တာလား”

ဟော့ချန်းက အင်းဟု ပြောသည်။ထို့နောက် သူက ဆက်ပြောသည်။
“ ထားလိုက်တော့၊ စားသောက်ဆိုင်တစ်ခုသာ ရှာလိုက်၊ စာဖိုမှူးကို ငါ ကိုယ်တိုင် ဆွေးနွေးမယ်။စားသောက်ဆိုင်က အိမ်ချက်လက်ရာကို အသားပေးရမယ်၊ အရမ်း အဆင့်မမြင့်ရဘူး”

“ လူကြီးမင်းဟော်က ဟင်းချက်သင်ချင်တာလား”

ရသစုံရှိုးအတွက်လေ…

…..

လူတိုင်းက ထွက်သွားကြပြီဖြစ်သည်။ ယန်ကျစ်က မနေ့က ပေးထားသော ကတိကို တည်သည်။သူက ကျိုင်ရှင်းချန်နှင့် ဝမ်နော့ကို ကားပေါ် တက်စေသည်။

ဝမ်နော့အနေနှင့် ယန်ကျစ်၏ ကားကို ပထမဦးဆုံးအကြိမ် စီးဖူးခြင်းဖြစ်သဖြင့် အနည်းငယ် လန့်နေမိသည်။ထိုကြောင့် အနောက်တွင်သာဝင်ထိုင်လိုက်သည်။ ကျိုင်ရှင်းချန်က ယန်ကျစ်၏ ဘေးခုံတွင် ထိုင်သည်။

“ ကောက ကားထဲက ရေမွှေးကို ပြောင်းသုံးထားတာလား”
ကျိုင်ရှင်းချန်က မေးသည်။

ယန်ကျစ်က အင်းဟု ဖြေသည်။

ဒီရေမွှေးအနံ့က တော်တော်ကောင်းတယ်။ စစချင်းတော့ သစ်သားနံ့သင်းသင်းလေးရပြီး နောက်ပိုင်းမှာ ဆေးနံ့ချိုချိုလေးအဖြစ် ပြောင်းသွားတယ်။

မူရင်းဇာတ်ကြောင်းအရ ဒါက ယန်ကျစ်ကြိုက်တဲ့ “ LOEWE after the morning”ဖြစ်ရမယ်။

တချက်ကြည့်ရုံနဲ့တင် ဒီရေမွှေးက ထန်မိသားစုကဆိုတာ သိသာနေတာပဲ
“After the morning” က အေးစက်သော မီးခိုးရောင်နှင့် အနက်ရောင်…. ရိုးရှင်းပြီး လေးထောင့်ပုံစံရှိတယ်။ ဆောင်ပုဒ်ကတော့ [အာရုံတက်တဲ့အထိ ရစ်ဝဲဆွဲငြိနေဦးမယ်]တဲ့( အာ ဒါက မှားကောင်းမှားလောက်တယ်နော ်သေချာ မဖတ်တတ်လို့ အင်္ဂလိပ်လိုကလည်း သေချာ မသိလို့ရယ်)

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now