Part 3🚨🔞

20.1K 159 0
                                    

Uni~~

Part-(3)

မနက်ခင်းလေးရဲ့ နေရောင်ခြည်ဖြာထွန်းမှုကြောင့် အိပ်စက်နေရာမှ မီးနိုးထလာသည်။ခန္ဓာကိုယ်တစ်ခုလုံး ရိုက်နှက်ထားသလိုလေးပင် ကိုက်ခဲနေသလိုခံစားရသည်။ အပေါ့သွားချင်လို့ လှဲနေရာမှအနိုင်နိုင်ထလာပြီး ကိုယ်ကိုစောင်နဲ့ပက်လိုက်ပြီကုတင်ပေါ်ဆင်းလိုက်ကာမှ ဆီးခုံလေးက စူးခနဲ ကျစ်တက်လာကာ အောင့်သက်သက်
ဝေဒနာကို ခံစားလိုက်ရပြီး လူကလည်းယိုင်နဲနဲဖြစ်သွားတာကြောင့် လှဲမကျသွားအောင် တွေ့ရာ အရာလေးနဲ့ ဆွဲဖမ်းလိုက်သည်။

"ခွမ်း!!.."

"အာ့!..."

စားပွဲပေါ်မှ ပန်းအိုးလေးနဲ့ခတ်မိသွားတာကြောင့်
တံတောင်ဆစ်လည်း ကျစ်ခနဲဆိုသလို နာကျင်သွားရသည်။
လူကလည်းအရမ်းမောပန်းနေပြီး လမ်းလျှောက်ရတာ ဘယ်လိုမှအဆင်မပြေပါ။ကတုန်ကယင်နဲ့ လျှောက်ရပြီး ရင်ဘက်ပေါ်မှစောင်လေးကို ကိုယ်နဲ့ပတ်လိုက်ပြီး သူစိမ်းသက်သက်သာရှိတဲ့ အခန်းကြီးကToitleရှိတဲ့အခန်းကဘယ်အခန်းလဲဆိုတာ
မီးရှာနေမိသည်။ လူကလည်းချွေးစောပြန်လာပြီ
အသက်ရှူရတာလဲ မဝချင်တော့။

"ပါးပါးနဲ့မားမားရေ မီးကိုကယ်ပါ ဟင့်.."

အရင်ဆုံးတမ်းတလိုက်မိတာက ပါးပါးနဲ့မားမားသာ။
အခုချိန်မှာပါးပါးတို့ရှိနေရင် ဘယ်လောက်ကောင်းလိုက်မလဲ
အခုတော့ ထိုလူက ဘယ်သူဘယ်ဝါလဲမသိပဲနဲ့ မီးကို သိမ်းပိုက်လိုက်သည်။

ညကအဖြစ်စဥ်းစားလိုက်တာနဲ့အရမ်းကိုထိလန့်ဖွယ်ဖြစ်နေရသည်။
မီးနိုးလာတော့ ထိုလူကို မတွေ့ရတာကံကောင်းတယ်လို့ပြောရမည်။
အခုမီးလွှတ်အောင်ပြေးရမည်။ဘယ်မှာထွက်ရမလဲ။မျက်စိလည်း
ပြာဝေလာသဖြင့် လူကဘယ်လိုမှမပြေးနိုင်။အသိစိတ်လွှတ်ချင်နေတာကြောင့် စိတ်ကိုအနိုင်နိုင်ပြန်စုစည်းပေမဲ့
ဘယ်လိုမှ မနိုင်တော့.. ပါးပါးရေမားမားရေ မီးသေရတော့မှာလား

စိတ်ကိုလုံးလုံးချလိုက်ပြီး အမှောင်ထုထဲသို့မီးတိုးဝှေ့လှဲကျသွားရ၏။

"ဟေ့ ကလေးမ ကလေးမ..."

သူအခန်းထဲရောက်ရောက်ချင်း လှဲကျသွားတော့မဲ့သူမဆီကို
အရှိန်နဲ့ပြေးလိုက်ရင်း ပွေ့ဖက်ထားမိလိုက်သည်။သူမက သူ့ရင်ခွင်ထဲမှာ ပျော့ခွင်ကျသွားပြီး သတိလစ်သွားသည်။
ပါးလေးကိုကိုင်ပြီး သူခေါ်နိုးမိ၏။

မီးအချစ်က ဦးဆီမှာ🚨🔞‼️Where stories live. Discover now