part1

18.4K 164 2
                                    

"မင်္ဂလာပါ အနန်း..."

"ဟုတ်ကဲ့...မင်္ဂလာပါ"

"မနေ့ကပေါ့နော်...မင်းသမီးခက်ထန်ပျိုက အနန်းကို ကိုယ်ထိလက်ရောက်စော်ကားတယ်ဆိုတဲ့vdတစ်ခုတက်လာတယ်ပေါ့နော်...အဲ့ဒါတကယ်အမှန်ပဲလားဆိုတာဖြေပေးပါအုန်းရှင်"

"ဟုတ်ကဲ့ပါ...အဲ့ဒါအမတို့မြင်တဲ့အတိုင်းပါပဲ...မနေ့ကရိုက်ကွင်းမှာဖြစ်ခဲ့တာပေါ့နော်...ညီမအနေနဲ့တော့ မခက်ထန်ပျိုကတမင်တကာလုပ်တာမဟုတ်ဘူးလို့​တော့ထင်ပါတယ်၊ သူမရည်ရွယ်ပဲဖြစ်သွားတာနေမှာပါ...အဲ့ဒါကြောင့် မခက်ထန်ပျိုကိုအရမ်းအပြစ်မမြင်ကြဖို့ ညီမကပဲတောင်းဆိုပါရစေ၊ ညီမလဲဘာမှကြီးကြီးမားမားထိခိုက်သွားတာမရှိဘူးဆိုတော့လေ"

ထို့နောက်မှာတော့ mediaတွေရဲ့ချဲ့ချဲ့ကားကားcaptionတွေဖြင့် ထိုinterviewဟာ newfeedပေါ်သို့တက်လာလေတော့သည်။

(မင်းသမီးနန်းထက်ရတီအား ရိုက်ကွင်းမှာ ကိုယ်ထိလက်ရောက်ရိုက်နှက်လိုက်သော မင်းသမီးခက်ထန်ပျို)

*အဲ့ဒီဗျူးတဲ့ကောင်မရဲ့မျက်လုံးက ကန်းနေတာလား၊ နန်းထက်ရတီက သူ့ဟာသူလဲချလိုက်တာအသိသာကြီးကို ငါတို့မင်းသမီးကရိုက်လိုက်တယ်ဖြစ်သွားရောလား၊ ပြူးပြဲပြီးသေချာကြည့်ရင် နင်တို့မင်းသမီးဟာက လုပ်ဇာတ်ကြီးနော်*

Replied: အဲ့ဒါကိုပြောချင်တာ အဲ့တစ်ယောက်ကပေါ်လာတာဘယ်လောက်မှမကြာသေးဘူး ပွဲအရမ်းရှာတာပဲ။

Replied 2: နာမည်ကြီးချင်လို့ attentionယူနေတာအသိသာကြီးလေ။

Replied 3: အဲ့ဒါကိုဟိုtoxicမတွေကမသိဘူး၊ သူတို့ဦးနှောက်ထဲမှာ တစ်ဖက်ကိုဘယ်လိုတိုက်ခိုက်ရမလဲဆိုတာပဲစဥ်းစား​နေတာ၊ idolရော fanတွေရော အကျင့်တွေကတစ်ထေရာထဲပဲ။

ထို့နောက်မှာတော့ နန်းထက်ရတီရဲ့fanတွေပါရောက်လာကာ ပွဲစဖြစ်လေတော့သည်။

*အရှက်မရှိတဲ့ကောင်မ...နင့်လို​ကောင်မကဒီအနုပညာလောကမှာရှိမ​နေသင့်ဘူး...ထွက်သွားလိုက်တော့ ဒီလောကကနေ*

Replied: နင့်ရဲ့အဆင့်နဲ့များပြောရဲတယ်နော်၊ ငါတို့မင်းသမီးခက်ထန်ပျိုကိုထွက်သွားလို့ပြောရအောင် နင်ကဘာကောင်မမို့လို့လဲ။

ငါ့ရဲ့မာနကြီးသော ရည်းစားလေး !🖤Where stories live. Discover now