အမှားတခုရဲ့ နောက်ကွယ်

3 0 0
                                    

အမှားတစ်ခုရဲ့ နောက်ကွယ်
==================

စ/ဆုံး

သူ့နာမည်က ဖိုးစီ အသားက မဖြူမမဲ အရပ်က မရှည် မတို ရုပ်ရည်က မဆိုးမလှ သူရဲ အလှဆုံးနဲ့ အကောင်းဆုံးက စိတ်ထားပါ အသက်အားဖြင့် ၂၇ နှစ် အိမ်ထောင်မရှိ ရည်းစားဆို ဘာမှန်းမသိတဲ့ လူပျိုကြီး ဒါပေမဲ့ အိမ်ထောင်ရှိသူတွေထက်ပိုပြီး တာ၀န်ကြီးသူ ရောဂါသည် အမေ နဲ့ ကျောင်းတက်နေတဲ့ ညီမလေးနှစ်ယောက်ကို လုပ်ကိုင်ကျွေးမွေးနေပါသည် အောင်သာ ရပ်ကွက်တွင်တော့ ဖိုးစီဆို လူတိုင်းသိသည် သူရဲ့လူတိုင်းပေါ်ထားတဲ့ စေတနာက သူ့ကို ထိုရပ်ကွက်လေးကလူတွေ ချစ်ကြသော တစ်ခုတည်းသော အကြောင်းတည် ဖိုးစီနေသာ အောင်သာရပ်ကွက်ထဲက ခမ်းနားမှု့သိပ်မရှိသော အိမ်လေးထဲတွင်

"သားကြီးဖိုးစီ မင်းတစ်နေ့ တစ်လေ လေးနားပါဦးလားကွယ် မင်း အလုပ်က မသက်သာဘူး နေက ပူ တွန်းလှည်းကြီးက လည်းတွန်းရ ပင်ပန်းပါတယ် ကွယ် တခြား အလုပ်လေးပြောင်းပါလား သားကြီးရယ်

ဖိုးစီ အမေ ဒေါ်မြမြ ကပြောတော့ ေ ဒ်ါမြမြ ဘေးမှာ ရှိသော ဖိုးစီ ညီမ တက္ကသိုလ် ကျောင်းသူလေး ဖြစ်သော ယဉ်နွယ်စိုး က သူမ အမေ ပြောတာကို ထောက်ခံ လိုက်ပါတော့သည်

"ဟုတ်တယ် ကိုကြီး နောက်အလုပ်ပြောင်းပါလား"

"ဘာလဲ ညီမ က ကိုကြီး အလုပ်ကို ရှက်လို့လား"

ဖိုးစီ ရဲ့ စကားကြောင့် ယဉ်နွယ်စိုး ထိပ်ထိပ်ပြာပြာဖြစ်သွားပြီး

"ဟာ မဟုတ်ပါဘူး ကိုကြီးရယ် ကိုကြီးပင်ပန်းလို့ ပါမရှက်ပါဘူး ကိုကြီး ညီမ ဖြစ်ရတာ အမြဲ ဂုဏ်ယူနေတာပါ"

ဖိုးစီ သူ၏ ညီမ ပြောစကားကြောင့် ဝမ်းသာသွားကာ

"ကိုကြီးမှာ အရမ်း လိမ်မာ တဲ့ ညီမတစ်ယောက် ရထားတာပဲ "

"အဲ့ဒါဆို ညီမလေးက မလိမ်မာဘူးလား ကိုကြီး"

အသံ နှင့်အတူ ဖိုးစီ ရဲ့ ညီမ အငယ်ဆုံးလေး ပိုးပိုး ဖိုးစီနား လာထိုင်ရင်းပြောလိုက်ချင်းဖြစ်သည်

"ညီမလေး ဘယ်က ပြန်လာတာလဲ "

"ကျူရှင်ကပါ ကိုကြီး ဘာလဲ မမ တစ်ယောက် ထဲ လိမ်မာ တာပေါ့ ညီမလေးက မလိမ်မာဘူးလား အဲ့ဒါဆို ညီမလေး ကမလိမ် မာ ဘူးပေါ့ဟုတ်လား ကိုကြီး"

You've reached the end of published parts.

⏰ Last updated: Sep 18, 2023 ⏰

Add this story to your Library to get notified about new parts!

အမှားတခုရဲ့ နောက်ကွယ်Where stories live. Discover now