Chapter. 07

118 14 0
                                    

ပါးမို့မို့လေးရယ်
နီနီရဲရဲ နူတ်ခမ်းပါးရယ်
အပူပင်ကင်းစွာ ကျွန်တော်ရဲ့ချစ်ရသူ
ရင်ဘက်က အမာရွတ်က နှင်းပမာဥနေတဲ့အသားအရည်နဲ့ မလိုက်ဖက်စွာ တည်ရှိနေ၏။
ခါးဘယ်ဘက်က ဒဏ်ရာ
ပတ်တီးများကြားက သွေးစအနည်းငယ်ပင်
စို့နေသေးသည်။

လက်ချောင်းဖျားလေးနဲ့ ဒဏ်ရာကို
ထိတွေ့ရင်း သူ စိတ်မကောင်းဖစ်နေမိသည်။
သူရဲ့စိတ်ဒဏ်ရာက သူချစ်ရသူကို
နာကျင်မှု့ ဖြစ်စေခဲ့သည် မဟုတ်ပါလား

"မောင့်ကို ဒီကောင်က
တာဝန်ယူပါ့မယ်....."

Seok Woo Hyunဆိုတဲ့ လူသားလေးကို ထိတွေ့ရင်း ပြောမိသည်။ ခေါင်းကို လက်ကလေးထောင်ကာ ဆက်ငေးရင်း
ဒီအလှလေးရဲ့ အရာရာကို ပိုင်ဆိုင်ချင်မိပြန်သေး၏။

''ပြွတ်စ်......"
နူတ်ခမ်းဖျားဘေးက မှဲ့အပြိုင်လေးကို အနမ်းပေးမိသည်။ ထိုမှ နှာခေါင်းထိပ်လေးဆီသို့တစ်ခါ
ပါးမို့မို့ထောင့်က မှဲ့နက်နက်လေးဆီသို့တစ်ခါ
နဖူးသို့တစ်ခါ....

"ပြွတ်စ်.....ပြွတ်စ်.....ပြွတ်စ်......"

ထို့နောက် မျက်ဝန်းလှလှလေးများ ပွင့်လာကာ
ရှက်သွေးဖျာနေတဲ့ ကျွန်တော်ရဲ့အဆိုးလေးက
စောင်ကို ခေါင်းမှီးခြုံလိုက်ကာ

"Kim Ji Woong Shi~
ခင်ဗျားလေးက ဒီက မောင့်ကို
ရူးအောင် လုပ်နေတာလေ.....
ဒီလောက်ဘဲ နမ်းပါတော့...."

ဟင်...5555
အမြဲတမ်း အေးစက်စက် မျက်နှာဘေးနဲ့
ဒီလူသားက ဒီလိုလဲ ရှက်တတ်သေးတာတဲ့ဗျာ

ခနကြာတော့ မျက်လုံးလေးဘဲ ဖော်လာကာ
"မောင်က ဘယ်အချိန်နေနေ အချောဆုံးဆိုပေမဲ့
ခု မျက်နှာတောင်သစ်သေးဘူး....
ဂျီအွန်းကိုတော့.....မောင်ရဲ့ဆိုးတာတွေကို
မပြချင်ဘူး...."ဆို၏။

"ဒါပေမဲ့....
မောင်ရဲ့အကုန်လုံးကို....မနေ့က
ဒီ ဂင်ဂျီအွန်းကို ပေးထားပီးပီလေ....."

You've reached the end of published parts.

⏰ Last updated: Oct 09, 2023 ⏰

Add this story to your Library to get notified about new parts!

My Sweetness VillainWhere stories live. Discover now