7

42.3K 2.1K 60
                                    

Uni

ရာသီဥတု သာယာသော်လည်း  ဒီနယ်မြေ တောင်ကုန်းထက်မှာတော့  လေပြင်းများက  အရှိန်ပြင်းပြင်းဖြင့်  တိုက်ခတ် နေသည်၊၊  ပတ်ပတ်လည် စိုက်ထားသော သစ်ပင်ကြီးများဆိုရင်လည်း  လေပြင်းဒဏ်ကြောင့် အကိုင်းအခက်များက  ယိမ်းထိုး စွာပင် လေယူရာ  လွင့်နေကြသည်၊၊  တိတ်ဆိတ်နေသော ဒီတောင်ကုန်းလေးထက်  သေဆုံးသွားသော  အိမ်တော်ရဲ့ လူများကို  မြှုပ်နှံ့ထားကြသည်၊၊  အရောင်အသွေးစုံလင်တဲ့ အုတ်ဂူများ  ဟာ တောင်ကုန်းလေး၏ နေရာအနှံ့မှာ ရှိ၏၊၊  လူစောင့်နှစ်ယောက်လောက်ထား ထားသည်မို့  ဒီနေရာမှာ မြက်ရိုင်းတွေလည်းမရှိသလို  သစ်ရွက်ခြောက် သစ်ရွက်ကြွေတွေလည်းမရှိဘဲ သန့်ရှင်း နေ၏၊၊  ထို့ပြင် အုတ်ဂူတစ်ခုစီပေါ်၌   နှင်းဆီပန်းများကိုလည်း  လှလှပပလေး  ချထားသေးသည်၊၊  နေ့တိုင်း  ပန်းလဲပြီး  ထားရသည်မို့   အုတ်ဂူတိုင်းရဲ့ ချထားသော ပန်းများက ညှိုး ငယ်နေခြင်းမရှိ၊၊

မာမီတို့က တခြား အုတ်ဂူတွေဘက်သို့သွားကြည့်နေကြပေမဲ့  ဗာရစ်ကတော့  ဒီနေရာကို လာတိုင်း  အမြဲလာနေကြဖြစ်သော   တီငယ်ရဲ့ အုတ်ဂူဖြူလေးဆီသို့သာ  တန်းမတ်စွာပင်ရောက်လာခဲ့သည်၊၊   ရှင်းသန့်နေသော အုတ်ဂူဖြူလေးထက် နှင်းဆီပန်းဖြူဖြူတို့က  ဆယ်ပွင့်ထက်မနည်းကိုနေရာယူထားသည်၊၊   အုတ်ဂူပေါ်မှာတော့    စာတန်းအနည်းငယ်ကို ရေသားထားသည်၊၊

ကွယ်လွန်သူ     မ  နေခြည်ရစ်

                              အသက်   23 နှစ် 

ထိုစာတန်းလေးကို မြင်တိုင်း  ဗာရစ်  အတွေးတို့က အမြဲ အတိတ်ဆီသို့သာ  ပျံ့ကျဲရသည်၊၊  

.......,,,,.

မိုး သည်းထန်စွာ ရွာနေသော နေ့တစ်နေ့ ၊၊ ဒီနေ့မှပင် မိုးက မိုးလင်းထဲကရွာနေပုံများ စဲမည်ဟန်ပန်မရှိ၊၊ မိုးနှင့်အတူ  လေပြင်းများကလည်း ပြင်းစွာတိုက်ခတ်လျက်ရှိသည်၊၊ ဗာရစ်ဘေး၌ချကာ  ဖွင့်ထားသော လေဒီယိုကနေ   မုန်းတိုင်ရှိသည်ဆိုသော သတင်းက  ခပ်တိုးတိုး  အသံထွက်ပေါ်နေသည်၊၊  ဒီလို မိုးကြီးနေတဲ့ နေ့က တိုက်ဆိုင်စွာပင် ဗာရစ်၏ အသက်16 နှစ်ပြည့်မွေးနေ့ ဖြစ်နေခဲ့သည်၊၊  အိမ်ရဲ့ ခြံကျယ်ထဲ၌   party  ကျင်းပ မည်ဟု  စီစဥ်ခဲ့သော်လည်း   မထင်မှတ်ထားဘဲ ဒီနေ့မှ မိုးကကောင်းနေတာကြောင့်  အိမ်ထဲ၌ သာ  လူရင်းတွေလောက်နဲ့ဘဲ  ဗာရစ် မွေးနေ့ party ကို ကျင်းပဖြစ်ခဲ့သည်၊၊

My  Stranger   Husband   RICKWhere stories live. Discover now