ထယ်ဆန်းရေချိုးနေတုန်း အီဟန်တစ်ယောက် အခန်းကိုလှည့်ပတ်ကြည့်ရှုနေမိသည်။ သူ့ကြောင်လေး၏ရိုးရှင်းတဲ့နေထိုင်မှုပုံစံလေးကြောင့် သဘောကျသည်ထက်ကိုပိုပါသည်။ ဆက်ကြည့်နေရင်း စာရေးစားပွဲပေါ်မှာ ထောင်ထားတဲ့ မိသားစုဓာတ်ပုံဘောင်လေးကိုမြင်တော့ ယူကြည့်မိလိုက်သည်။ ပုံထဲတွင် ကစားကွင်း၌ ဘေဘီထယ်ဆန်းလေးက ရယ်မောနေကာ ဘေးနှစ်ဖက်တွင်တော့ မေမေနှင့်ဖေဖေက ထယ်ဆန်းရဲ့ ပါးမို့မို့အိအိလေးနှစ်ဖက်ကို အနမ်းပေးနေကြသည်။" ချစ်ဖို့ကောင်းတယ် "
အီဟန်က ဓာတ်ပုံထဲက ဘေဘီထယ်ဆန်းပုံလေးကိုလက်လေးနဲ့ပွတ်သပ်ကာရေရွတ်လိုက်သည်။ ကြည့်နေရင်း နွေးထွေးမှုကိုခံစားနေရသလို တစ်ချိန်တည်းမှာပဲ ရင်ထဲဆို့နစ်လာသလိုလည်းခံစားလိုက်ရပါသည်။ အဘယ်ကြောင့်ဆိုသော် အီဟန့်ဘဝတစ်လျှောက်လုံး ကစားကွင်းဆိုတာ ဘာမှန်းတောင်မသိခဲ့ပါ။ နောက်ပြီး သူ၏မိဘများဆီကမှ အနမ်းရဖူးသည့်မှတ်ဉာဏ်တို့သည်လည်း သိတတ်စအရွယ်ကနေ အခုအချိန်ထိမရှိခဲ့။
" ကြောင်ချစ်တဲ့သူတွေက ကြောင်နဲ့ပါ တကယ်တူလာကြတာလား "
သူ့အား ဝမ်းနည်းစရာအတွေးတို့မှရုန်းထွက်စေနိုင်သူဟာ သူ့ရဲ့ပျော်ရွှင်ခြင်းကြောင်လေးပါပဲ။ အီဟန်က ထယ်ဆန်းရဲ့လက်တော့ပ်ပေါ်မှ ကြောင်စတစ်ကာလေးတွေကိုကြည့်ကာရေရွတ်လိုက်သည်။ အစကသတိမထားမိပေမယ့် အခုမှသေချာကြည့်မိတော့ နေရာတိုင်းလိုလိုမှာ ကြောင်ပုံလေးတွေကပ်ထားတာ။
" ဘာလုပ်နေတာလဲ "
နောက်ကျောဆီမှအသံထွက်လာတော့
" ဟင့်အင်း ဘာမှမလုပ်ဘူး မင်းလည်းပြီးပြီဆိုတော့ ငါပြန်တော့မယ်နော် ဒီနေ့အတွက်ကျေးဇူးပဲ မင်းအင်္ကျီတွေကိုတော့ နောက်ရက် ဆိုင်ကိုပဲဖြစ်ဖြစ်လာပြန်ပေးလိုက်မယ် "
" ဘာကိုပြန်မှာလဲ ခုနက ငါ့မေမေပြောတာမကြားဘူးလား ထမင်းပွဲပြင်ထားလိုက်မယ်တဲ့ စားပြီးမှပြန် "
" မဟုတ်တာ ရတယ် အခုတောင် ငါတော်တော်အားနာနေပြီ ပြန်လိုက်တော့မယ် "
YOU ARE READING
you're my DESTINY | gongfourz
Short Story" အီဟန် ငါကမင်းအတွက်ဘာလဲ " " မင်းက ငါ့ရဲ့ကံကြမ္မာ "