Red Thread

863 73 40
                                    

Shen Ricky can see the soulmate red thread and, his soulmate is Kim Jiwoong.

⤳⤳⤳⤳⤳

"Ricky. နင်မဖြစ်နိုင်တာတွေလျှောက်မပြောစမ်းနဲ့"

"ဟ.! ငါတကယ်ပြောနေတာပါဆို Minji ရယ်.."

ကြက်ကြော်ပန်းကန်ကြီးကိုတွန်းဖယ်ပြီး စားပွဲပေါ်‌ခေါင်း‌မှောက်ချလိုက်တဲ့ Ricky ကသူ့လက်သန်းမှာအသေချည်နှောင်ထားတဲ့ အနီရောင်ချည်ကြိုးလေးကိုတော့ တသသကြည့်နေသေးသည်။

"ဟဲ့.! ဘာဖြစ်နေကြတာ.? မှောက်ကုန်ပီလား.?"

"YAA.!! နောက်ကျလှချည်လား"

"ဆရာကအတန်းပေးမဆင်းဘူးလေ။ လိုက်ပြောပေးမလား"

အတန်းဆင်းလာတာနဲ့မတူပဲ စခန်းချခရီးကနေပြန်လာသလို ဖောင်းကားနေတဲ့လွယ်အိတ်ကြီးကို စားပွဲအောက်ပစ်ချပြီး ရောက်တာနဲ့ Soju တစ်ခွက်အရင်ကောက်သောက်သူက Yoon Jia.

"ဟိုကောင်ကဘာဖြစ်နေတာလဲ။ စောက်သည်းကွဲနေတဲ့ပုံနဲ့"

"မေးမနေနဲ့တော့။ လက်လန်တယ်၊ တကယ်"

"ဟယ်..နင်တို့ကလဲ။ Ricky.! ဘာဖြစ်တာလဲ မေ့သားလေး၊ မေ့ကိုပြော"

အတော်လေးရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ Ricky ကို Hoodie ခေါင်းစွပ်ကနေဆွဲမပြီး ပါးစပ်ထဲကြက်ကြော်တုံးကြီး ထိုးထည့်ကာ ဖြစ်ကြောင်းကုန်စင်ပြောခိုင်းနေတဲ့ နောက်ထပ်တစ်ယောက်။

တစ်ယောက်ပြီးတစ်ယောက် ရောက်လာတာ အကုန်ဒီအချိုး။ ခေါင်းကနေဆွဲမလိုက်၊ ပြီးရင်ခေါင်းခေါက်လိုက်နဲ့။

"‌ငါပြောပြီးလို့ ငါ့ကိုထမဆဲရင် ပြောပြမယ်"

"ဆဲစရာလား၊ ပြောပြောပြော"

"ဒီကြိုးတွေသိတယ်မလား.?"

ညာဘက်လက်သန်းလေးကို Ricky ထောင်ပြကာမေးတော့ ကြက်ကြော်ကိုက်နေရင်းနဲ့မှ Jia ကခေါင်းတော့ညိတ်ပြရှာသည်။

"ငါမြင်ရတယ်"

"ဘာ.!"

"ငါမြင်ရတယ်လို့.!!"

*အဟွတ် အဟွတ်*

ကြက်ကြော်နင်ရှာလေပြီ။ သူပဲပြောခိုင်းပြီးတော့ ဘာမှတောင်မပြောရသေးခင် နင်နေမှတော့ Ricky ဘယ်လိုဆက်ပြောရမှန်းတောင်မသိတော့။

Ricky and The Prince Charmings Where stories live. Discover now