[For Unicode]
(3rd person pov : Jiwoong)
"ငါ...ငါ တစ်ယောက်တည်း ဖြစ်သွားပြန်ပြီ.... အမြဲတမ်း တစ်ယောက်တည်း ဖြစ်နေဦးမှာပဲ.." ရင်းနှီးတဲ့အသံ နောက်ပြီး ရိူက်ကာ ငိုနေတဲ့အသံကို ကြားလို့ အသံလာရာဆီ ရှာတော့ ကော်ရစ်ဒါထောင့်နားမှာ ငိုနေတဲ့ ရစ်ခီကို ဂျီအွန်း တွေ့လိုက်ရသည်။
"ငါ အမြဲတမ်းတစ်ယောက်တည်း ဖြစ်နေဦးမှာပဲ"
ရိူက်ငိုနေတဲ့အသံကလည်း ရစ်ခီဆီကနေလာမှန်း ဂျီအွန်းသိလိုက်သည်။
"ငါ...ငါ တစ်ယောက်တည်း ဖြစ်ပြန်ပြီ...."
"တစ်ယောက်တည်း ဖြစ်ပြန်ပြီ?" ဂျီအွန်း ရစ်ခီဆီ သွားလိုက်သည်။
ရစ်ခီရဲ့မို့အစ်နီရဲနေတဲ့မျက်လုံးနဲ့ ဂျီအွန်းကို ကြည့်လိုက်သည်။
"ဂျီအွန်း...?" ပုံမှန်ထက် တိုးတိုးလေးပြောလိုက်ခြင်းပင်။
"ရစ်ခီ မင်းအဆင်ပြေရဲ့လား...?" ဂျီအွန်းမေးတာကို ရစ်ခီမဖြေ ခေါင်းငုံ့ကာ သူ့လက်ချောင်းနှစ်ချောင်းနဲ့ ကစားနေပြန်သည်။
ရစ်ခီ စိတ်လှုပ်ရှားတာတို့ ရှက်တာတို့ဆိုရင် အမြဲ သူ့လက်ချောင်းနှစ်ချောင်းကို ပွတ်သပ်ကစားတတ်မှန်း ဂျီအွန်းကောင်းကောင်းသိသည်။
အားး ရစ်ခီရှန်က တအားချစ်ဖို့ကောင်းတာပဲ
"ရစ်ခီ...မင်းတစ်ယောက်တည်းဖြစ်သွားပြီဆိုတာ ဘာကိုပြောတာလဲ?"
ရစ်ခီ သူ့လက်ချောင်းတွေနဲ့ ကစားတာရပ်လိုက်ပြီး မျှော်လင့်ချက်မရှိတော့တဲ့လူတစ်ယောက်လို ဂျီအွန်းကို ကြည့်သည်။
"ငါ့မှာ ဘယ်သူမှမရှိတော့ဘူး ငါ့ပါးပါးရော ငါ့မားမားရော မရှိတော့ဘူး...တစ်ယောက်တည်းရှိတဲ့ ငါ့သူငယ်ချင်းယူဂျင်းကလည်း ငါ့ကို ထားသွားပြီ...အခု ငါ့မှာ ဘယ်သူ့မှ မရှိတော့ဘူး"
ခဏလေး သူ့မှာ တစုံတစ်ယောက် ပြန်ရှိနိုင်တယ် လေ ပြီးတော့ အဲ့တစုံတစ်ယောက်က ငါ....ငါ ဖြစ်လို့ရတယ်
သူတစ်ယောက်တည်းမဟုတ်တော့ဘူး!
ဂျီအွန်း သူ့ရင်ခွင်ထဲ ရစ်ခီကို ဆွဲသွင်းလိုက်သည်။ စစချင်း ရစ်ခီအံ့ဩသွားပေမယ့် ဘာမှ ပြန်မပြော။ စိတ်အေးသွားလို့ထင်သည်။
"မင်းတစ်ယောက်တည်း မဟုတ်ပါဘူး...ငါ မင်းအတွက် ဒီမှာရှိ....
"ဂျီအွန်း..." ရစ်ခီ သူ့နာမည်ကို ချိုသာစွာခေါ်တိုင်း ဂျီအွန်းအရမ်းသဘောကျသည်။
"ရစ်ခီ...ငါပြောခဲ့သလိုပဲ မင်း ငါ့အပိုင်ဖြစ်ပေးလို့ရမလား?"
ရစ်ခီရဲ့မျက်နှာတစ်ခုလုံး နီရဲလို့ သူ့ရဲ့ မြင်းတစ်ကောင်လို ဒုန်းဆိုင်းပြေးနေတဲ့နှလုံးခုန်သံကိုလဲ ဂျီအွန်းကြားရသည်။
ဂျီအွန်းရဲ့ရင်ဘတ်ပေါ် ရစ်ခီ ခေါင်းမှီလိုက်ပြီး ဘာမှမပြောဘဲ ဖြည်းဖြည်းချင်း ခေါင်းညိမ့်ပြသည်။
ဂျီအွန်းနှလုံးသားထဲ ပျော်ရွှင်မှုတွေ ပြည့်လျှံသွားသလို ခံစားလိုက်ရလို့ ရစ်ခီကို သူအတင်းအကြပ် ပွေ့ဖက်လိုက်သည်။
"တကယ်...ရစ်ခီ မင်း တကယ်ပဲ လက်ခံလိုက်တာလား?"
"အွန်း... ငါ မင်းကို သဘောကျတယ်...ငါတို့ နမ်းကတည်းက.."
ရစ်ခီရဲ့ပါးနှစ်ဖက် ရစ်ခီရဲ့နှာခေါင်း ရစ်ခီရဲ့ နဖူး၊ ရစ်ခီရဲ့ မေးစေ့ တစ်ခုချင်းစီနဲ့ ရစ်ခီမျက်နှာတစ်ခုလုံး တစ်နေရာမှ မကျန်အောင် ဂျီအွန်း ဖွဖွလေးနမ်းပစ်လိုက်သည်။
"ငါ မင်းကို အရမ်းချစ်တယ် ရစ်ခီ!"
ဂျီအွန်း ထပ်ဝန်ခံလိုက်ပြီး ရစ်ခီနဲ့သူ တစ်ယောက်နှုတ်ခမ်းအပေါ် တစ်ယောက် အနမ်းပန်းပွင့်တွေ ခြွေမိသည်။
နောက်ဆုံးတော့ သူက ငါ့အပိုင်ဖြစ်သွားပြီ!
_____
[A/N : ပစ်ထားတာကြာပြီမို့ နက်ဖြန်နောက်တစ်ပိုင်း ထပ် up ပေးပါ့မယ်]
_____