Friend Zone Or Brother Zone

409 36 25
                                    

အချစ်ဆိုတဲ့အရာကိုလူတွေက အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆို​ကြတယ် ပြီးတော့ လူတွေကပြောကြသေးတယ် အချစ်ဦးဆိုတာမျိုးကရူးသွားရင်တောင် မမေ့တတ်ကြဘူးတဲ့ အဲ့လိုမျိုးပဲ အချစ်ဆုံးဆိုတာကလည်း အချစ်ဦးထက်ကိုပိုချစ်ရတာတဲ့ ကျွန်တော့်အတွက်တော့ အချစ်ဦးဟာလည်းကိုကို အချစ်ဆုံးဟာလည်းကိုကိုတစ်ယောက်တည်းပဲ

ကိုကိုနဲ့ကျွန်တော်က ဟိုးငယ်ငယ်လေးတည်းကသိလာခဲ့ကြတာ ကျွန်တော့်အသက်၁၂ နှစ်မှာ ကိုကိုတို့မိသားစုက ကျွန်တော်တို့အိမ်ဘေးကိုပြောင်းလာခဲ့တာလေ ကျွန်တော့် မေမေက အိမ်နီးချင်းအသစ်တွေကို ဆန်မုန့်ပို့ခိုင်းလို့သွားပို့ရင်း တွေ့ခဲ့ရတဲ့ ကိုကို့ရဲ့ပုံရိပ်က အခုထိမျက်လုံးထဲကမထွက်
အင်းးအဲ့အချိန်တုန်းကပေါ့
ဒီတိုင်း အစ်ကိုတစ်ယောက်လိုပဲသဘောထားခဲ့တာပေါ့လေ အဖြူ​ေရာင်သံယောဇဥ်နဲ့ညီအစ်ကိုလိုပဲနေခဲ့ကြတာ တစ်ဖြည်းဖြည်း အချိန်တွေကြာလာတော့ ကျွန်တော့်ဘက်က အဲ့အဖြူရောင်သံယောဇဥ်ကိုအရောင်ဆိုးမိလိုက်တယ်ထင်ပါရဲ့ ကျွန်တော်မသိလိုက်ခင်အချိန်မှာပဲ ကိုကိုဆိုတဲ့လူကို အများကြီးသဘောကျရာကနေချစ်မိသွားတယ် ကိုကိုကတော့ ဒါတွေဘယ်သိပါ့မလဲ ကိုကိုသိတာ ကျွန်တော့်ကိုဘယ်လိုစိတ်ဆိုးအောင်စရမလဲဆိုတာပဲသိတာ ဟွန့် မကောင်းတဲ့ကိုကို!

"ဟိတ်!!

"အမယ်လေး ကိုကိုနဲ့ငါနဲ့ရ!"

"ဟင်! ဘာပြောလိုက်တာ"

တစ်ယောက်တည်းအတွေးလွန်နေတဲ့အီဟယ်ချန်းကို မင်ဟျောင်းခေါ်လိုက်ခြင်းဖြစ်သည်

"အာ..ဘာမှမဟုတ်ပါဘူး ဒါနဲ့ရုတ်တရက်ကြီးကိုကိုကပေါ်လာတော့ လန့်လိုက်တာ ကိုကိုရယ်"

အလိုမကျစွာ ထွက်ပေါ်လာတဲ့ဟယ်ချန်းရဲ့အသံစွာစွာလေး

"ဒီတိုင်းပဲခေါ်လိုက်တာကို ဟယ်ချန်းနီးကမှ အတွေးလွန်နေတာမဟုတ်ဘူးလား"

"အမ်! ကျွန်တော်ကလား? ကျွန်တော်ကဘာလို့အတွေးလွန်ရမှာလဲ မဟုတ်တာ"

တကယ်လည်းအတွေးလွန်နေခဲ့တာမို့
ဟယ်ချန်းလိပ်ပြာမလုံဖြစ်မိပါသည်

You've reached the end of published parts.

⏰ Last updated: Sep 22, 2023 ⏰

Add this story to your Library to get notified about new parts!

Friend Zone Or Brother Zone (One Short)Where stories live. Discover now