U 11

588 84 27
                                    

Unicode & Zawgyi

Unicode

"ချာတိတ်.......တစ်ချက်ကူပေးပါဉီး"

အချိန်တွေအလလကူးပြောင်းခဲ့သည်မှာ ဘောမ်ဂယူ၏ပထွေးအမှုသည်လည်း ထိုက်တန်သည့်အပြစ်ဒဏ်တစ်ခုနဲ့ပြီးဆုံးခဲ့ပြီဖြစ်သလို ဂျောင်ကုစိတ်အခြေအနေတွေလည်း အနည်းငယ်တိုးတက်လာပြီဟုပြောရမည့်အခြေအနေရောက်သည်အထိပင်။အချစ်ဉီးကျိန်စာကိုယခုအချိန်ထိယုံကြည်နေသေးသော်လည်း အချိန်အတိုင်းအတာတစ်ခုအထိတော့ ချစ်ခဲ့ကြမှာပဲဆိုတဲ့အတွေးလေးကတော့ အနည်းငယ်ဝင်ရောက်ခဲ့ပြီဖြစ်သည်။နောက်ဆုံးမှာမပေါင်းဖက်ရဘူးဆိုရင်တောင် အတူရှိနေခဲ့တဲ့အချိန်တွေကတော့ လှပသည်ထက်ပိုခဲ့မှာမို့ မကောင်းမှုအမြင်တွေကို အနည်းငယ်ချင်းစီ ဖယ်ရှားပစ်နေခဲ့တာဖြစ်သည်။ထိုသို့တွေးနိုင်အောင်လည်း ​ကူညီခဲ့သူမှာ တစ်ခြားသူမဟုတ်။ချစ်ရတဲ့ဉီးပင်။ဉီးကိုချစ်နေခဲ့သည့်ကိုယ့်နှလုံးသားကိုယ် လက်ခံလိုက်ပြီးနောက်ပိုင်းမှာ အရာရာဟာလွတ်လပ်ခြင်းအရောင်တွေဖြင့် လှပနေခဲ့တာဖြစ်သည်။ဘောမ်ဂယူကိုအနည်းငယ်ပိုဂရုစိုက်တာကစလို့ ဉီးရဲ့နမ်းရှိုက်ခြင်းတွေကိုခံရတဲ့နှင်းဆီပွင့်တွေအဆုံး အသေးစိတ်သဝန်တိုတတ်လာတဲ့ဂျောင်ကုဟာ ဉီးအပေါ်မှာ လုံးလုံးလျားလျားကြီးကို ပျော်ဝင်နေပြီဖြစ်သည်။

အခုလည်း ညနေတစ်ဖြတ်ဆိုင်ပြန်ဖွင့်ဖို့လုပ်နေတဲ့ဉီးဟာ ပန်းအိုးတွေရေလဲပြီးတာမို့ ဂျောင်ကုကိုလှမ်းအော်တာဖြစ်သည်။ဒါကြောင့် ခုံတွေကိုပြန်စီပြီး သုတ်သင်ရှင်းလင်းနေရာကနေချက်ချင်းထကာ ဉီးဆီပြေးသွားမိတော့ နှင်းဆီပန်းအဖြူလှလှလေးတွေကိုကိုင်ထားတာ တွေ့လိုက်ရသည်။နှင်းဆီပန်းရဲရဲတွေကိုနမ်းရှိုက်နေတဲ့ပုံရိပ်လေးက နှလုံးသားကိုလှုပ်ခါစေတဲ့ငလျင်ဆိုပါလျှင် နှင်းဆီဖြူဖြူတွေကိုကိုင်တွယ်ထားတဲ့ လက်ချောင်းသွယ်သွယ်လေးတွေက နှလုံးသားကိုအဆုံးစွန်ထိနူးညံ့စေတဲ့ တိမ်ဆိုင်လေးတွေဖြစ်မည်ထင်။နှင်းဆီပန်းတွေကို အနေတော်လောက်ကတ်ကြေးနဲ့ကိုက်၊ ပန်းအိုးတွေထဲထိုးစိုက်ပြီး ရေအနည်းငယ်ဖြန်းကာ ဂျောင်ကုကိုလှမ်းကြည့်လိုက်တဲ့မျက်ဝန်းညိုညိုတွေက အိပ်မက်ဆန်သည်။ရင်ခွင်ထဲမှာခိုဝင်ရင်း ပါးပြင်ပေါ်ကအစက်သေးသေးလေးတွေကို မြတ်မြတ်နိုးနိုးနမ်းရှိုက်ချင်မိတဲ့စိတ်က နှလုံးသားအထိဆောင့်တက်တော့ ထိန်းမရတော့တဲ့ရင်ခုန်သံတွေက တစ်ဖက်လူကြားသွားမည်ကိုပင် စိုးရိမ်ရလောက်တဲ့အထိ ကျယ်လောင်လွန်းနေခဲ့သည်။ဒါကြောင့် သိပ်သဘောကျရတဲ့မျက်နှာချောချောကနေအကြည့်လွှဲကာ ရေလဲပြီးသားပန်းအိုးတွေကိုအသာမလိုက်ပြီး ဆိုင်ရှေ့ကိုပြန်ယူသွားလိုက်သည်။

THE FIRST LOVES ||JINKOOK|| [Completed]Where stories live. Discover now