I Don't Mean To Hurt

77 11 2
                                    

ထိုနေ့မှစကာ နောက်ရက်များတွင်လည်း Kim Sunoo ကို Park Sunghoon ရှိသည့်နေရာတိုင်းတွင်တွေ့ရလေသည်။Sunghoon စာသင်ခန်းရှေ့တွင်လည်း Sunoo တစ်ယောက် မုန့်ထုပ်လေးကိုင်ကာ စောင့်နေတတ်လေသည်။

Sunghoon တစ်ယောက်မှာတော့ jay ရဲ့အစအနောက်များကြားထဲ ခေါင်းမဖော်နိုင်ဖြစ်နေရလေသည်။

ဒင်း စပုံကိုလည်း ကြည့်ကြအုံးလေ။တစ်ခန်းလုံးကြားအောင် အော်ကြီးဟစ်ကျယ်နဲ့ ဘာပြောလဲဆိုတော့

" Sunghoon ရာ။ ကလေးမုန့်ပေးကြိုက်တာပဲ ငါကြားဖူးတာကွ။မင်းကျမှပဲ  ကလေးက မုန့်ပေးပြီးပြန်ပိုးပန်းနေရတယ်လို့ကွာ။ ကလေးလည်းမဟုတ်ဘဲနဲ့။"

Sunghoon တစ်ယောက် Jay အား ဘာပြန်ပြောရမယ်မှန်းကိုမသိတော့ပေ။

သူလည်း သိပါတယ်။သူ့ပုကျိလေးကတကယ်ကို အရိုးခံလေးဆိုတာ။မုန့်ယူလာတာပဲ ကြည့်ပါလား။ကိုယ့်ကို သူ့လိုများထင်နေလားမသိပါဘူး။တကယ့်ကို ကလေးလေးပါဆို။ပုကျိလေးကတော့ ဘယ်လိုနေမလဲမသိ။ကိုယ့်မှာတော့ ည ညဆို သူ့ရဲ့ ကိုကိုလို့ ခေါ်သံလေးကိုပဲ ပြန်ကြားယောင်နေမိတာ။သူ့ရဲ့ မျက်၀န်းလှလှလေးတွေကို ပြန်မြင်ယောင်ရင်းနဲ့ပဲ ရင်တွေတလှပ်လှပ်နဲ့ပေါ့။ကိုယ့်စိတ်ကို သေချာပြန်ဆန်းစစ်နေလို့ပါ ကလေးရယ်။ကိုယ့်စိတ်ကိုတောင် ကိုယ်သေချာမသိလို့ ကလေးစိတ်ထဲ နာကျင်မိစေမှာကိုပဲစိုးရိမ်တာပါ။ကလေးရဲ့ ကမ္ဘာတစ်ခုလုံးကို လင်း‌လက်စေတဲ့ အပြုံးလှလှလေးတွေကို ကိုယ့်ကြောင့် ပျောက်ကွယ်သွားမှာပဲ စိုးတာပါ။ကလေးက အခုတလော အရမ်း popular ဖြစ်နေလို့ ကိုယ့်မှာ စိတ်မချနိုင်တော့ဘူးကွာ။တော်သေးတယ် ကလေးက ကိုကိုကလွဲပြီး ဘယ်သူ့ကိုမှ စိတ်မဝင်စားလို့။ကလေးကိုတော့ ယုံပါတယ်။အခြားလူတွေကိုပဲမယုံတာ။အထူးသဖြင့် ကလေးနားက အရပ်ရှည်ရှည်နဲ့ ဂျပန်ကောင်လေးကိုပဲ။သူ ကလေးကို ကြည့်တဲ့အကြည့်တွေက မရိုးသားဘူး။ဘေးလူတွေကအကုန်မြင်နေရတယ်ကွာ။ကလေးက သတိမထားမိတာလားပဲ။ထားလိုက်ပါတော့။အခုတော့ ကလေးနဲ့သွားတွေ့အုံးမယ်။

အခန်းအပြင်ကိုထွက်လိုက်တာနဲ့ ခေါင်းငိုက်စိုက်ချထားတဲ့ ကလေးက အပြေးလေး သူ့အနားလာကာ

ချစ်ခြင်းအစ အပြုံးတစ်ပွင့်ကDonde viven las historias. Descúbrelo ahora