Paper Stars

479 61 1
                                    

ကြယ်လေးတွေကိုသဘောကျလား။ ည ကောင်းကင်ကို တောက်ပအောင်အလှဆင်နေတဲ့ အဲဒီလင်းလက်လက်အရာလေးတွေလေ။

ဟန်ဘင်းဟျောင်းကတော့ ကြယ်လေးတွေကိုချစ်သည်တဲ့။ ထို့‌ကြောင့် မက်သရူးကလည်းကြယ်လေးတွေကို သဘောကျသည်။

ပြောရရင် ကြယ်တွေကအရမ်းထူးခြားနေတာမျိုးမဟုတ်သလို သူ့ဖြစ်တည်မှုကလည်း ခပ်သေးသေးလေးသာဆိုပေမယ့် ညတွေကိုတော့ပြီးပြည့်စုံသွားစေသည်မဟုတ်လား။ ထူးခြားတဲ့ညလေး ပြည့်စုံတဲ့ညလေးဖြစ်ဖို့ ကြယ်လေးတွေကို မရှိမဖြစ်လိုအပ်သည်ဟု မက်သရူးကထင်သည်။

ထို့ကြောင့် မက်သရူးနဲ့‌ဟန်ဘင်းဟျောင်းတို့ညဘက်ကားလျှောက်မောင်းကြတဲ့အခါတိုင်း ကြယ်အတူကြည့်တာက မပါမဖြစ်အရာတစ်ခုလိုဖြစ်လာရခြင်းပင်။ သူတို့နှစ်ယောက်အတူရှိရတဲ့ညတွေကို ပြီးပြည့်စုံစေဖို့ ပိုပြီးလှပစေဖို့။

ဟန်ဘင်းဟျောင်းနဲ့မက်သရူးက ရေစက်လှလှတစ်ခုကြောင့် ငယ်ငယ်ကတည်းက ဘေးချင်းကပ်အိမ်မှာကြီးပြင်းခဲ့ရပြီး အခုလိုနီးကပ်ဖို့ကံကြမ္မာဖန်လာသည်ဟုပြောရမည်။ မက်သရူးအတွက် ဟန်ဘင်းဟျောင်းက အရင်းနှီးဆုံးလူဖြစ်ကာ သူ့ကိုအလိုလိုက်ဆုံးသူကလည်း ဟန်ဘင်းဟျောင်းဖြစ်သည်။

မက်သရူးက အိမ်မှာအငယ်ဆုံးလေးမို့ ချစ်တဲ့သူတွေအပေါ် ဆိုးချင်၊ဂျစ်ချင်တဲ့စိတ်ကလေးရှိသည်။‌ကိစ္စတစ်ချို့ကြောင့် မေမေနဲ့အတူ ကနေဒါကနေမွေးရပ်မြေဖြစ်တဲ့ကိုရီးယားကို ပြောင်းလာခဲ့ရတုန်းက မက်သရူးက ဆယ်နှစ်သာသာပင်ရှိသေးသည်။ ကနေဒါမှာကျန်ခဲ့တဲ့ မမနဲ့‌ဖေဖေ့ကိုလွမ်းကာ တငိုငိုတရယ်ရယ်နဲ့ဂျစ်တိုက်ခဲ့ပေမယ့် နောက်ပိုင်းတွင် ဘေးအိမ်က အစ်ကိုတစ်ယောက်နဲ့ရင်းနှီးခဲ့သည်။ သူ့ထက်အသက်တစ်နှစ်သာကြီးပေမယ့် ဟန်ဘင်းဟျောင်းက သူ့ကိုကလေးလေးလို သဘောထားကာ အများကြီးအလိုလိုက်ပြီး ဂရုစိုက်ပေးခဲ့သည်။

‌အချိန်တွေကြာလာတာနဲ့အမျှ ပိုမိုနီးကပ်လာကာ တစ်ယောက်အကြောင်းတစ်ယောက် ကောင်း ကောင်းနားလည်လာတဲ့သူတို့ဆက်ဆံရေးကို ဟန်ဘင်းဟျောင်းကတော့ လေးနက်တဲ့ဆက်ဆံရေးဟုအမည်တပ်သည်။ မက်သရူးအတွက်တော့ ဟန်ဘင်းဟျောင်းက အားကိုးရတဲ့အစ်ကိုကြီးတစ်ယောက်၊ မိသားစုဝင်တစ်ယောက်လိုပင်။

Starlight in your Eyes Where stories live. Discover now