First snow and Us

238 49 3
                                    

လပိုင်းလောက်ကြာတော့ မက်သရူးရဲ့အထက်တန်းအောင်စာရင်းထွက်လာသည်။ မှန်းထားသည့်အတိုင်း အမှတ်ကောင်းကောင်းနဲ့အောင်ခဲ့တာမို့ ဆုချတဲ့အနေနဲ့ မေမေက အပြင်မှာနေချင်တဲ့သူ့ဆန္ဒကိုဖြည့်ဆည်းပေးသည်။ သို့သော် ဟန်ဘင်းဟျောင်းနဲ့အတူနေရမည်တဲ့။

တက္ကသိုလ်ဝင်ခွင့်ကျလာပြီး ကျောင်း‌တွေစဖွင့်တော့မည့်အချိန်မှ မက်သရူးတို့ ကွန်ဒိုခန်းကို ရွှေ့လာခဲ့လိုက်သည်။ ကွန်ဒိုအဆောက်အဦး၏ တည်နေရာသည် ကျောင်းနှင့်တစ်လမ်းကျော်တွင်ဖြစ်သော်လည်း ဆူညံနေသည်မျိုးမဟုတ်တာမို့ အဆင်ပြေသည်။

လူကြီးအရမ်းလုပ်ချင်နေသော မက်သရူးမှာ အိမ်ပြောင်းနေရမည့်အရေးတွင် အမြှီးတယမ်းယမ်းနှင့်ကြောင်ကလေးလို တက်တက်ကြွကြွရှိလှသည်။ ပစ္စည်းရွှေ့သည့်နေရာမှာလည်း အားကြိုးမာန်တက်ကူညီလိုက်သေးကာ ပင်ပန်းသည်ကိုပင်မသိသကဲ့သို့။ ဟန်ဘင်းသည်တော့ ထိုကလေးအားကြည့်ရင်း ပစ္စည်းအ‌လေးကြီးတွေကလွဲရင် 'ကျန်တာကိုမက်သရူးကြိုက်သလိုလုပ်'ဟုသာ အရယ်တစ်ဝက်နှင့်ပြောရတော့သည်။

" အယ် ဟျောင်း! ကျွန်တော်တစ်ယောက်တည်းမအိပ်ဘူးနော်၊ ဟျောင်းနဲ့တစ်ခန်းတည်းအိပ်မှာ "

ဟန်ဘင်းသည် သယ်လာသည့်ပစ္စည်းပုံးကိုချလိုက်ရင်းမှ မက်သရူးကို လှည့်ကြည့်လာသည်။ မက်သရူးမှာ လမ်းထိပ်က convenient store တွင် ဝင်ဝယ်ခဲ့သည့် ရေခဲမုန့်ကိုစားနေရင်းမှ ဟန်ဘင်းကိုပါခွံ့ကျွေးလာသည်။ အလိုက်သင့်ပါးစပ်ဟပေးလိုက်တော့ စတော်ဘယ်ရီအရသာနှင့်အတူ အေးမြမြခံစားချက်က ခံတွင်းထဲတွင် ပျံ့နှံ့သွားသည်။

" ချိုလား ဟျောင်း "

" အင်း ချိုတယ်၊ အများကြီးမစားနဲ့ မက်သရူး၊ ချောင်းဆိုးလိမ့်မယ်၊ ဒီတစ်ခုပဲစားပြီး ကျန်တာကို ရေခဲသေတ္တာထဲထည့်ထား "

မက်သရူးက အနည်းငယ်စူပုတ်သွားသော်လည်း ဘာမှတော့ပြန်မပြောဘဲ ခေါင်းငြိမ့်လက်ခံလာသည်။

" ဪ ပြီးတော့ခုဏကပြောတဲ့ တစ်ခန်းထဲအိပ်ချင်တဲ့ကိစ္စ၊ ပစ္စည်းတွေက အကုန်ရွှေ့ပြီးနေပြီမို့ ကိုယ်တို့ သက်သက်စီအိပ်မှရတော့မယ် "

You've reached the end of published parts.

⏰ Last updated: Dec 25, 2023 ⏰

Add this story to your Library to get notified about new parts!

Starlight in your Eyes Where stories live. Discover now