part 2

1.2K 56 0
                                    

အဲတာဆို မောင်ဖုန်းချလိုက်တော့မယ်နော်
ကောင်းပါပီတော်
ရတီမောင်လဲဖုန်းချပီ သော်တာတို့အိမ်ကို ဦးတည်ပီးကား မောင်းလာလိုက်တယ်
တီလေး ......
ဒေါ်သီတာဖြိုး ဧည့်ခန်းထဲမှ စာဖက်ရင် ခေါ်သံ‌ေကြာင့်လှမ်းကြည့်လိုက်သည်
ဟယ် သမီး ရတီ လာလေကွယ်
ဟုတ်
တီလေး... သော်တာရှိလား
ရှိပါ့တော် သူ့အခန်းထဲမာ ‌ဒါနဲ့ အမ မူယာကော နေကောင်းရဲ့လာ
ကောင်းပါ့တီလေးရယ် ဒေါင်ဒေါင်မြည်ပဲ
တီလေးလဲ သမီးတို့အိမ်ဘက်မရောက်ဖစ်ဘူးကွယ် အမ မူယာကို သတိရကြောင်းပြောလိုက်ပါအုံးကွယ်
ဟုကဲ့ တီလေး
အဲတာဆို သမီး သော်တာ ဆီသွားလိုက်ပါအုံးမယ်နော်
‌အေးအေး"
သော်တာဖြိုးက ရတီမောင်ရဲ့ ရှားရှားပါးပါး တစ်ဦးထဲရှိတဲ့ သူငယ်ချင်းပေါ့ 8တန်းနှစ်မှာ ရတီမောင် သော်တာတို့ကျောင်းကိုပြောင်းခဲ့တယ် သော်တာက ကျောင်းမာ အနိုင်ကျင့်ခနခနခံရတဲ့ကောင်မလေးဆိုလဲမမှားဖူးပေ့ါ့ ရတီမောင် ကျောင်းပြောင်းလာထဲက သော်တာအတွက် ကံကောင်းချင်ပေါ့ ရတီမောင်နဲ့ သူငယ်ချင်းဖစ်ထဲက သော်တာကို ဘယ်သူမှအနိုင်မကျင့်တော့သလို ရတီမောင်ကလဲ သူ့ကိုထိရင်မခံ သလို သော်တာကိုထိရင်လဲ မခံဘူး

ဒေါက်...ဒေါက်
၀င်ခဲ့ လော့မချထားဘူး
မောင် အခန်းထဲ၀င်တော့ သော်တာက ထင်တဲ့အတိုင်း အိပ်ယာပေါ်မာ စာအုပ်ဖတ်နေတယ်
ဟဲ့ ငါလာတာတောင် နင်မသိဘူးပေါ့"

သော်တာလဲ စာအုပ် ဖယ်ပီ ကြည့်လိုက်တယ်
မောင်မောင် အမလေး အချစ်လေး လာပါအုံး
တော်စမ်း
ငါဒီနေ့ နင်အိမ်မာအိပ်မယ်
ဟင် နင် မေမေကြီးနဲ့ စကားများလာပြန်ပီလားပြောစမ်း မေမေကြီးကိုစိတ်ချမ်းသာအောင်ထာပါ့ နင် အဲလိုလုပ်နေတာမကောင်းဘူးနော် ရတီမောင်
သော်တာဖြိုး ဒရက်စက် ပြောနေသောကြောင့် ရတီမောင် သက်ပြင်းချပီ
ခနနေပါအုံး ငါကိုပြောခွင့်ပေးပါအုံး မယ်မင်းကြီးရယ်
အဲတာဆို ပြော
ငါ ဖေဖေ ဟာ အိမ်‌ပြန်ရောက်နေတယ်
ဟယ် တကယ်
အင် မနက်က ငါနဲ့တွေခဲ့တယ် ငါကိုလွမ်းလို့ပြန်လာတာတဲ့ သော်တာရယ် ရီစရာကောင်းတယ်မလား ငါကိုလွမ်းလို့ဆိုတာလေ "
ရတီမောင်လဲ ပြောရင် မျက်ရည်များဝဲခဲ့သည်
သော်တာနဲ့ ရတီမောင်က သူ့အကြောင်း ကိုယ့်သိ ကိုယ့်အကြောင်း သူသိ တွေဖစ်တာကြောင့်
မောင် ရယ် မငိုပါနဲ့ နင် ငိုတော့ ငါလဲ ငိုချင်တာပေါ့ ဟီး......အီ. ဟင့် ဟင့်
ငါမငိုရသေးဘူလေ မျက်ရည်ဝဲတုန်းလေ နင်ကဘာလို့ထငိုနေတာလဲ ငိုရမာက ငါမဟုဘူးလား
မသိဘူလေ နင်က အဲလိုကြီး၀မ်းနည်းနေတော့ငါကငိုချင်တာပေါ့လို့ ဟင့်...ဟင့်
မငိုတော့နဲ့ မငိုတော့နဲ့ ငါလဲမငိုဘူး နင်လဲမငိုတော့နဲ့ ငါက ငိုရမ‌လား အောင်မေ့တယ် သူကထ‌ငိုနေတယ်
နင်ကလဲ
နှာချေးတွေထွက်နေပီဟာ ရွံရာ သုပ်လိုက်ပါအုံး နှာချေးထွက်ရေ
နင်နော်
စတာ စတာ...
ငါတို့ အပြင်သွားရအောင် မောင်‌မောင်
ဘယ်သွားမာလဲ မသွားချင်ပါဘူး
ထပါဟာ မုန့်သွားစားရအောင် ငါမာ နင်မလာတော့ပျင်းနေတာဒီစာအုပ်တွေပဲထိုင်ဖတ်နေရတာ နင်လာတုန်း မုန့်စားရအောင်လို့ နော်လို့ နော်
အေဟာသွားမယ်
ဒါမှ မောင်မောင်ကွ
တော်ပါ ရည်းစားရမှ မောင်မောင်ဘေးထွက်လာမလုပ်နဲ့
လုပ်စရာလား ရည်းစားရအောင်သာ နင်ရှာပေးပါအုံး
နင်ဘာသာရှာ ငါမရှာတက်ဘူး
ဟွန့် မောင်မောင် အစုတ်ပလုပ်
ထားပါ သွားမယ် နင်က ဒီတိုင်းလိုက်မာလား နှာချေးတွေပေနေတဲ့ပုံစံ နဲ့
အင်္ကျီလဲအုံးမယ် ခနစောင့်
မြန်မြန်လုပ်
အေးပါ

တီတောင်.....တီတောင်....တီတောင်....
ကြူကြူရေ အိမ်ရှေ့က ဘယ်သူလဲမသိဘူး တံခါးသွားဖွင့်ပေးလိုက်အုံး
ဟုကဲ့ မေမေကြီး
ကြူကြူလဲ တံခါးနားရောက်တော့ အပြင်ကိုလှမ်းကြည့်မိတော့ ကားမတွေ့တာကြောင့် လူ၀င်ပေါက်တံခါးသေးလေးကိုဖွင့်ပီ
ဘယ်သူနဲ့တွေ့ချင်လို့...
ကြူကြူစကားတောင်ဆက်မပြောနိုင်အောင် ထိုအမျိုးသမီးကိုငေးမိသည် ထိုအမျိုးသမီးပုံစံက
အရပ်ရှည်ရှည် ဆံပင်မှာ ကျောလယ်လောက်အဖြူဥနေသောအသားအရည်နဲ့ ကြည်လင်သော မျက်နှာလေးနဲ့ အမျိုးသမီးမာ မြန်မာဆန်ဆန်ကိုယ်လုံကိုယ်ပေါက်ရှိသည်
အညိုရောင် ပါတိတ် ၀မ်းဆက် ကတ္တီပါ ဖိနပ်အပါးလေးက အစ အညိုရောင်လေးနဲ့ ထိုအမျိူးသမီးအနား သဇင် ပန်းအနံလေးထုံးမွှေးနေပီ
ကြူကြူခေါင်းအစ‌ခြေအဆုံးကြည့်နေမိသည်
ဒီမှာ ရှင့်
ထိုအမျိုးသမီးဆီမှ အသံကြားလာသောကြောင့်
ကြူကြူ ငေးတက်ကိုရပ်ပီ
ဟု ...ဟုကဲ ပြောပါ
ဒို့က ဒီအရှေ့ခြံကပါကွယ် အရင်ခြံပိုင်ရှင်က မျက်နှာချင်းဆိုသ်အိမ်မာ သော့အပ်ထားတယ်ဆိုလို့ ဒို့လာတောင်းတာပါကွယ်
အဲတာဆို အမ အထဲ၀င်အုံးလေ မေ‌မေကြီးဆီမာမလို့
ဟုပါပီကွယ်

မေမေကြီး
ကြူကြူခေါ်သံကြောင့် ဒေါ်မူယာတစ်ယောက် စာဖတ်ရင် မျက်မှန်ကိုပင့်ကာကြည့်မိသည်
ကြူကြူ ဘယ်သူလဲကွယ်

အရှေ့ခြံက တဲ့မေမေကြီး သော့အပ်ထားတာဆိူလို့ လာယူတာတဲ့
ဪ ညီမ လာလေကွယ် ထိုင်ပါအုံး
ဟုတ် အမ
ကြူကြူ မေမေကြီးခန်းထဲက စားပွဲ အံဆွဲထဲမာ အရှေ့ခြံကသော့ရှိတယ် သွားယူပေးအုံးကွယ်
ဟုကဲ့မေမေကြီး
ဒါနဲ့ ညီမ နမည်က
ညီမ နမည်က သဇင်ဖူးပါ အမ
ဒီက အမ ကကော
အမ က မူယာပါကွယ်

ညီမတို့ကပြောင်းလာကြတော့မာလား
ဟုတ် တယ် အမ
ညီမ တို့ မနက်ဖြန်ပစ္စည်တွေလာချမာ‌မလို့ ဒီနေ့ သန့်ရှင်းရေးလုပ်မလို့ ခြံသော့က ဒီက အမ အိမ်မာဆိုလို့
အမတို့ အိမ်နီးချင်းအသစ်ရပီပေါ့ကွယ်

ဟုတ်

မေမေကြီး ဒီမာ သော့

ကြူကြူ သော့လာပေးတာကြောင့် စကားပြောလက်စကိုရပ်ကာ
ညီမ ဒီမာ သော့

ဟုတ် အမ

အဲတာဆို ညီမ ကိုခွင့်ပြုပါအုံးနော် အမ

ကောင်းပါပီကွယ် နောက်ဆို အိမ်လာလည်လဲရပါတယ်ကွယ်

ဟုကဲ့ အမ လာလည်ပါမယ်

သဇင် ပါးချိုင့်လေးပေါ်တဲ့အထိ ပြုံးလိုက်သည်

#အန်တီ နဲ့ ရတီမောင်နဲ့တွေ့တော့မယ်နော်
အပိုင်းသစ်ရေးရင် ကျနောတော့ စောင်ကိုက်


အန်တီ ချစ်သူ (ရပ်နား)Where stories live. Discover now