TRPF 1

313 21 0
                                    


ထန်နိုင်ငံတော်၊ AD 11

သာယာစည်ပင်သော ထန်နိုင်ငံ၏နေသာသောနေ့တစ်နေ့၊ တနည်း ယခင်မင်းဆက် ကံကုန်ပြီး တစ်နှစ်အကြာတွင် ရှို့မိဖုရားခေါင်ကြီး၏သားတော် ထန်နိုင်ငံ၏တစ်ဦးတည်းသော တော်ဝင်မင်းသား အိမ်ရှေ့စံ ဖူချန်ရွှင့် သည် ဧကရာဇ် ဟွမ်ထျန်း အဖြစ် အသက်ဆယ်နှစ်တွင်နန်းတက်ခဲ့သည်။

ငယ်ရွယ်နူးညံ့လေသောမင်းသားငယ် နန်းတက်သည့်နေ့တွင် ကောင်းကင်ဘုံမှပင် ချီးမြောက်ကာ မိုးများစွာရွာသွန်းခဲ့လေသည်။

ပြည်သူပြည်သားတို့သည်လည်း ဝမ်းမြောက်ကုန်ကြသော်ညား အရှင်မင်းမြတ်သည် မယ်တော်ကြီး၏ ထိန်းချုပ်မှုအောက်တွင် တိုင်းပြည်အားအုပ်ချုပ်ခဲ့လေသည်။

ဧကရာဇ် ဟွမ်ထျန်း နန်းတက်ပြီးနောက် ရှို့မိသားစု၏အာဏာသည် ပိုမိုကြီးမားလာရာ ဧကရာဇ်၏ပုလ္လင်ပင် မယ်တော်ကြီးကြောင့်သာ တည်မြဲနေရလေသည်။

အဖက်ဖက်မှဖိအားပေးမှုဒဏ်အောက်တွင် ဧကရာဇ်သည် သူ့ဖခမည်းတော်လိုပင် ရှို့မိဖုရား၏ ထိန်းချုပ်မှုအောက်တွင်သာ ကျဉ်းကျဉ်းကျပ်ကျပ်နေရရှာလေသည်။

တော်ဝင်ရုံးတော်တွင်ပင် ရှို့မိသားစုအမတ်များ၊ အမတ်ချုပ်ကျန်းနှင့်သူ၏ဘက်တော်သားများ၊ စစ်သူကြီးလီမိသားစုဝင်များ၊ ကြားနေသူများဖြင့် ကွဲပြားနေကြလေသည်။

အမတ်ချုပ်ကျန်းသည် ယခင်မင်းဆက် ဧကရာဇ် ဟွမ်ထျန်း၏ဖခမည်းတော်၊ ဧကရာဇ် ကွေ့ထျန်း၏ ကြင်ယာတော်၊ ကျန်းခုံးယွဲ့၏ ဖခင်ဖြစ်လေရာ ရှို့မိသားစု၏ အတိုက်အခံဖြစ်လေသည်။

လီမိသားစုဝင်များသည် ရှေ့မင်းဆက်သုံးဆက်မြောက်၏ အငယ်ဆုံး တော်ဝင်မင်းသမီး ဖူရှီနှင့် စစ်သူကြီး လီရန်ကွေ့တို့၏ မျိုးဆက်များဖြစ်သည့်အလျောက်တော်ဝင်သွေးပါသူများဖြစ်ပြီး သူတို့သည် တတိယအုပ်စုအဖြစ်ရပ်တည်လေသည်။

မမျှော်လင့်စွာ ဟွမ်ထျန်းနှစ် ရှစ်နှစ်အကြာတွင် အမတ်ချုပ်ကျန်းနှင့် စစ်သူကြီးလီတို့ ပူးပေါင်းကာ ဟွမ်ထျန်းဧကရာဇ်အား ဆန့်ကျင်ပြီး ရှို့မိသားစုအား သုတ်သင်လေတော့သည်။

The Red Poisonous Flower Where stories live. Discover now