/5/

5 0 0
                                    

ကျွန်မတို့ဟာလေ လူငယ်တွေပါ။ ဝါသနာတွေရော ရည်မှန်းချက်တွေရော မျှော်လင့်ချက်‌ေတွရော အပြည့်နဲ့လူငယ်တွေပါ။

ဘာလို့များ အပြစ်တွေရှာနေကြရသလဲ။ အမျိုးတွေတဲ့...ဪ အမျိုးတွေတဲ့။ ကျွန်မမေးပါရစေရှင်။ စာကျက်ရတာကြိုက်တဲ့လူကလည်း ပြင်ပလောကအကြောင်းမသိတဲ့ နလပိန်းတုံးမဟုတ်သလို အပြင်သွားရတာကြိုက်တဲ့လူကလည်း မိန်းမပျက်မဟုတ်ပါဘူး။

ခင်ဗျားတို့အမျိုးတွေနဲ့ကျွန်မတို့ကြား ဘာတွေများမှားယွင်းနေရပါသလဲ။ အခန်းထဲနေပြီး စာကျက်အလုပ်လုပ်တဲ့လူကျတော့ လူဝင်မဆံ့ဘူးလို့ထင် အပြင်ထွက်ပြီးဖော်‌ရွေသွက်လက်ရင်လည်း ကလပ်တယ်ထင်တာက ခင်ဗျားတို့ရဲ့အမြင်မလား။ဘယ်ဘုရား ဘယ်ကျမ်းဂန် ဘယ်ပညာရှိကမှ အဲ့လိုမဟောမပြောခဲ့ပါဘူး။

အိုင်းစတိုင်းဟာလည်း အခန်းထဲမှာနေပြီးသူကြိုက်နှစ်သက်တဲ့ပညာကိုလေ့လာရတာကြိုက်သလို အီလွန်မတ်ကလည်း အဖွဲ့အစည်းတွေနဲ့အလုပ်တူတူတွဲလုပ်ပြီးစျေးကွက်ချဲ့ထွင်ရတာကြိုက်ပါတယ်။

လေးစားရပါသော အမျိုးအနွယ်တော်များခင်ဗျား.. လူတွေဟာ တစ်ယောက်နဲ့တစ်ယောက်ပင်ကိုယ်ပုံစံမတူကြပါဘူး။လူတိုင်းမှာလည်း အမြဲတမ်းအားသာချက်ရောအားနည်းချက်ရောပါဝင်ပါတယ်။ကျွန်မတို့ကလူငယ်တွေပါ တစ်နည်းအားဖြင့် လူတွေပါ။ ဟိုလိုလုပ်ပါ ဒီလိုလုပ်ပါလို့အမိန့်ပေးနေတာတွေကို တသွေမသိမ်းလိုက်လုပ်တတ်ရအောင် စက်ရုပ်တွေမပါဘူးရှင့်။

သေချာတာတစ်ခုကတော့ ကျွန်မတို့ရဲ့ပင်ကိုယ်စရိုက်၊အပြုအမူ၊ရုပ်ရည်သွင်ပြင်က ပြသာနာဖြစ်နေတာမဟုတ်ဘဲ ကြီးမြတ်လှသောအမျိုးတို့ရဲ့အမြင်အာရုံနဲ့စိတ်ဓာတ်ကသာ ပြသာနာဖြစ်နေတာပါ။ဒါ့ကြောင့် ဘယ်လူငယ်ကဘယ်လောက်ပြင်ပြင် ခင်ဗျားတို့အကြိုက်ပုံစံဖြစ်လာဦးမှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ပြသာနာအရင်းအမြစ်က ခင်ဗျားတို့ရဲ့မပြည့်စုံဘဲအငုံစိတ်များလွန်းတဲ့စိတ်ဓာတ်တွေကြောင့်ဖြစ်ပါတယ်။

စိတ်ဓာတ်တွေပြင်ပါ။ စာဖတ်ပါ။ လူငယ်တွေကို သွန်သင်ချင်ရင် ကိုယ်ကိုယ်တိုင်လူကြီးပီသအောင်နေပါ။ အသက်ကြီးတိုင်း လူကြီးမဟုတ်ပါဘူး။ အသက်ကြီးတာက လူအိုပါ။ လူအိုလား လူကြီးလား မှန်ကန်စွာခွဲခြားတတ်ပါစေရှင့်။

SHEWhere stories live. Discover now