him

594 57 13
                                    

song recommendation 💭

The Way I Loved You by Taylor Swift

‧₊˚🖇️✩ ₊˚⊹♡

"He's so sensible and so incredible
and all my single friends are jealous"

စကားသံတွေပြည့်နှက်နေတဲ့နေရာမှာ
ဟိုဟိုဒီဒီသွားနေကြတဲ့လူတွေကိုကြည့်ရင်းဆောနူစိတ်တွေရှုပ်လာသည်။
သူဒီလိုလူများတဲ့ပွဲတွေကိုအတတ်နိုင်‌ဆုံးရှောင်ခဲ့ပေမဲ့အခုကဂျောင်ဝန်းပညာတော်သင်မသွားခင်နောက်ဆုံးနှုတ်ဆက်ပါတီမလို့‌မဖြစ်မနေရောက်နေရတာပင်။လူတွေကြားထဲမှာနေရတာဆောနူအတွက်သက်သောင့်သက်သာဖြစ်မှုနည်းနည်းတောင်ရှိမနေတာမလို့သက်ပြင်းချလိုက်မိတယ်။

"ဆောနူ နေရတာအဆင်မပြေလို့လား
ကိုယ်တို့ပြန်ကြမလား"

ဆောနူနားကိုဘယ်တုန်းကရောက်လာမှန်းမသိတဲ့ဂျေးကတိုးတိုးလေးကပ်မေးလာတာမလို့ဆောနူတွေကနဲဖြစ်သွားပြီးပတ်ဝန်းကျင်ကိုဟိုဟိုဒီဒီအကဲခတ်လိုက်မိသည်။ဂျောင်ဝန်းနဲ့နီခီကလူအုပ်ကြားထဲမှာအလုပ်ရှုပ်နေပုံရပြီးဂျိတ်(ခ်)နဲ့ဟီဆွန်းဟျောင်းတို့ကလဲထောင့်တစ်နေရာမှာနှစ်ယောက်တည်းသီးသန့်ကမ္ဘာလေးနဲ့ပျော်နေကြပုံရတာမလို့ဆောနူပြန်လိုက်ဖို့ပဲစဉ်းစားလိုက်တယ်။

"ဟုတ် ပြန်ကြတာပေါ့ ဂျေး"

သီချင်းသံခပ်မြူးမြူးကလွှမ်းခြုံထားတာမလို့ဆောနူရဲ့အသံကတိုးတိုးပဲထွက်လာပေမဲ့ဂရုတစိုက်စောင့်နေတဲ့ဂျေးကတော့နှစ်ခါပြန်မမေးဘဲခေါင်းညိတ်ပြလာတာမလို့
ဆောနူပြောတာကိုချက်ချင်းကြားတဲ့ပုံရတယ်။

"သူငယ်ချင်းတွေကိုနှုတ်ဆက်အုံးမလား"

ဂျေးရဲ့အမေးကိုဆောနူ‌ခေါင်းညိတ်ရင်းပဲတုံ့ပြန်လိုက်ပြီးဆောနူကိုစက္ကန့်မလပ်ကြည့်နေတဲ့ဂျေးကချက်ချင်းပဲသွားဖို့အချက်ပြလာတယ်။

"ဟီဆွန်းဟျောင်းနဲ့ဂျိတ်ခ်ဟျောင်းကျွန်တော်ပြန်တော့မယ်နော် ဂျောင်ဝန်းနဲ့နီခီ့ကိုလဲ‌ပြန်ပြောပေးပါအုံး လူတွေရှုပ်နေလို့သူတို့ဆီတော့သွားမနှုတ်ဆက်တော့ဘူး"

MEMORIES DISTRACTIONWhere stories live. Discover now