ပထမဆုံးတွေ့ဆုံးမှု

179 9 2
                                    


"သခင် မနက်ဖြန် ဘာဝတ်မလဲ"
ဝမ်နင်က ရှောင်ကျန့်ရဲ့ ဆံပင်အရှည်ကို
ဖြီးသင်‌ပေးရင်း မေးလိုက်တယ် ရှောင်ကျန့် အရင်ကသူ့အမေကလွဲပြီးဘယ်သူမှ သူ့ကိုထိဖို့ ခွင့်မပြုခဲ့ဘူး။ အခုအသက် 11 နှစ်အရွယ် ဝမ်နင်ကို သူ့မိသားစုလိုသဘောထားလို့သာ။

"ဝမ်နင် ဘာမဆိုအဆင်ပြေပါတယ်"
ရှောင်ကျန်က သူ့ရဲ့ယုန်ဖြူလေးနဲ့ ကစားရင်း ပြန်‌ဖြေတယ်၊

ဒီယုန်လေးက တစ်မနက်မှာ သူ့အိမ်တံခါးဝမှာ တွေ့ခဲ့တာ။ ဒဏ်ရာရနေပြီး ဝမ်းဗိုက် မှာ အနက်ရှိုင်းရှရှဒဏ်ရာ‌တွေနဲ့
ဝမ်နင်ကို ရေသန့်သန့်တစ်ထည်နဲ့ ယူလာပေးဖို့ ချက်ခြင်းခေါ်လိုက်တယ် ယုန်လေးကိုသေချာဆေးကြောပြီး အနာကျက်တဲ့ လုပ်ငန်းစဉ်ကို မြန်မြန်ဆန်ဆန် သက်သာစေပြီး အဝတ်သန့်သန့်လေးနဲ့ သေချာဖုံးအုပ်လိုက်ပါတယ်။ ယုန်လေးက ရှောင်ကျန့်ကို သဘောကျပုံရတယ် ။သူကတော့ နှင်းတွေလိုဖြူဖွေးနေပြီး မျက်လုံးနီရဲတာကြောင့်
ဝမ့်ကျီးလို့ နာမည်ပေးလိုက်တယ်။

"ဒါပေမယ့် သခင်မနက်ဖြန်က အရေးကြီးတဲ့ ပွဲတစ်ခုလေ ၊သခင်က အရမ်းကြည့်‌ကောင်းပြီး ထူးခြားနေရမှာ အဲ့ဒါမှ ဟိုယွင်ရှီးကသခင့်ကိုအနိုင်မကျင့်ရဲမှာ"

"ဝမ့်နင် ငါမင်းကိုတခြားသူတွေကို ဘယ်တော့မှ မကောင်းပြောဖို့ အကြိမ်ပေါင်းများစွာပြောခဲ့ပြီးပြီ၊ သူက ငါ့အမဖြစ်ပြီး တစ်နေ့နေ့ သူငါ့ကိုမိသားစုအဖြစ်မြင်လာမယ်ဆိုတာငါသိတယ်" ရှောင်ကျန့်က ပြောပြီး သူ့အသံမှာဝမ်းနည်းကြေကွဲမှုတွေခံစားရတယ်။
'ငါ့သခင်က ဒီမကောင်းဆိုးဝါး တွေရဲ့လက်ထဲမှာ ဘယ်လောက်ဒုက္ခခံစားခဲ့ရလဲ ငါမမြင်‌ရပေမယ့် သူ့ကို တစ်ယောက်တည်းထားခဲ့ပြီး ပြန်လာရင် ဒဏ်ရာတွေနဲ့ တံခါးမှာလဲနေတာ အမြဲနှိပ်စက်ခံရတာတောင် သူ့မိထွေးနဲ့ယွင်ရှီးကို သူအပြစ်မမြင်ဘူး အဲ့လောက်တောင်သူ့သခင်က စိတ်ထားဖြူစင်တာ'
~~~~~~~~~~~~~~~~~~~~~
"သခင် နောက်ကျနေပြီ" ဝမ်နင်က သူ့ရဲ့ သခင်ပခုံးကို ပုတ်ရင်းနှိုးနေတယ် ရှောင်ကျန့်က ယွင်ရှီးယူလာ‌ပေးတဲ့ အစားအစာကို မနေ့က နေ့ခင်းဘက် စားသောက်ပြီးကတည်းက အိပ်ပျော်သွားခဲ့တာ။ ဝမ်နင် အမြန် ပင်မအိမ်ကိုသွးပြီးဆရာဝန်ကို ခေါ်သော်လည်း နှင်ထုတ်ခံရတယ်။
သူ့သခင် တစ်ခုခုမှားနေပြီဆိုတာ သူသိတယ်၊ သခင်က ဒီလ‌လောက်ကြာအောင် မအိပ်ဖူးသောကြောင့်။နေ့တိုင်း ညနေခင်းတွင် တောင်ထိပ်တွင် ထိုင်ပြီး သူ့ပုလွေမှုတ်တယ်၊ တစ်ခါတစ်ရံ ကဗျာရေးတယ် ဒီလိုမျိုးမအိပ်ဘူး။

I AM A MAN NOT YOUR QUEEN Where stories live. Discover now