Ep(37)

158 9 0
                                    


ကိုယ့်နှလုံးသားပိုင်ရှင်....

Unicode

"သား..မင်းမေမေကို သွားခေါ်လိုက်ပါဦး..လူကြီးကို စောင့်ခိုင်းနေရတာမကောင်းဘူး..​ပြီးတော့ ကြီးမေက ဧည့်သည်တွေအတွက် အချိုပွဲလေးတစ်ခုခု ပြင်ပေးနော်"

ပိုင်စိုး မေမေ့အခန်းတံခါးကိုခေါက်ပြီး တွန်းဝင်လာလိုက်သည်။မေမေက မနေ့ကလို အိပ်ရာထဲလဲမနေတော့ပဲ သနပ်ခါးလူး ပန်းလေးပန်၍ ဆံထုံးထုံးနေတာကြောင့် ဒီနေ့တော့ စိတ်ကြည်နေတယ် ပြောရမည်။

"မေမေ..အောက်မှာ ဧည့်သည်တွေရောက်နေလို့..သားလာခေါ်တာ"

"အော်..ဘယ်သူတွေလဲ သားရယ်..မေမေနဲ့တော့ ဘယ်သူမှ မချိန်းထားပါဘူး"

"ဟုတ်တယ်မေမေ..သားဧည့်သည်တွေပါ..အမှန်တိုင်းပြောရရင် ဖြူ့ရဲ့အရင်းနှီးဆုံး မိတ်ဆွေတွေပါ..အဲ့ဒါ မေမေ ဆိုင်မသွားခင်လေး ခဏလောက်အချိန်ပေးလို့ရမလားဟင်"

"အင်း..ရပါတယ်..ဆင်းတွေ့တာပေါ့.."

မနေ့က သွေးပူနေတုန်းမို့ သားကိုရော ဟိုကလေးကိုပါ အကြီးကျယ် ဒေါသဖြစ်ခဲ့သည်။နောက် စိတ်ရဲ့အားဆေးလည်းဖြစ်သလို သူစိတ်ရှုပ်နေတိုင်း ဖတ်လေ့ရှိတဲ့ စာအုပ်လေးတွေ ထိုင်ဖတ်ရင်းနဲ့ ဒေါ်လဲ့ရည်ချိုရဲ့ ပူလောင်နေတဲ့ ဒေါသတွေ ရေနဲ့ငြိမ်းလိုက်သလို အေးချမ်းသွားခဲ့သည်။

တကယ်ဆိုရင် သူဟာ သားရဲ့အမေတယောက် ဖြစ်တဲ့အတွက် ဒီလို အချိန်မျိုးမှာ သားရဲ့ခံစားချက်ကို မျက်ကွယ်ပြုပြီး သူ့ဆန္ဒကိုရှေ့တန်းတင်လို့မရဘူးဆိုတာ ဒေါ်လဲ့ရည်ချို ကောင်းကောင်း နားလည်သည်။

မဖြစ်သင့်တာမဖြစ်အောင် တားဆီးနေရင်းကနေ သားအမိနှစ်ယောက်ကြား အာဂတတွေ ရန်ငြိုးတွေဖြစ်တည်လာမှာကိုတော့ သူလက်မခံနိုင်။ဒါကြောင့် သားရဲ့ချစ်သူကို အချိန်အတိုင်းတာတစ်ခုထိ စောင့်ကြည့်ပြီး သူ့မာနကို တထစ်လျော့ဖို့ ဆုံးဖြတ်ထားသည်။မာနတရားနဲ့ယှဥ်လာရင် ရင်နဲ့လွယ်မွေးထားတဲ့ သားသမီးသည်သာ ပထမဖြစ်သွားသည် မဟုတ်ပါလား။

အောက်ကို ရောက်တော့ ဧည့်ခန်းအဝင်ဝမှာ ထားတဲ့ဆိုဖာမှာ နောက်ကျောပေးထိုင်နေတဲ့ ကြီးမေလို အဒေါ်တစ်ယောက်နဲ့ ဆယ့်ငါး ဆယ့်ခြောက်အရွယ် ကလေးမလေးတစ်ယောက် ထိုင်နေတာတွေ့လိုက်ရသည်။

ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)Where stories live. Discover now