၁၀နှစ်ကြာပြီးနောက်...
"ဒေါ်ဒေါ်ရေ ဒေါ်ဒေါ်"
"သားခက်သွေးလေး လာလေ မင်းသူငယ်ချင်းကတော့ ထုံးစံအတိုင်း အိပ်နေတုန်းပဲ"
"ဟုတ် ဒေါ်ဒေါ် သားသွားနိုးလိုက်ဦးမယ်"
"ဟုတ်ပြီ ဟုတ်ပြီ ဒေါ်ဒေါ် မနက်စာပြင်ပေးထားမယ် သွားနှိုးချေ။"
အိမ်အပေါ်သို့ပြေးတက်ပြီး အစွန်ဆုံးက"This room is Spider-Man's room"ဆိုတဲ့ စာသားချိတ်ဆွဲထားတဲ့ အခန်းတံခါးကိုဖွင့်ပြီးအထဲဝင်တော့ နေ့တိုင်းမြင်နေကြ တွဲလောင်းကျနေတဲ့အရုပ်ပင့်ကူအိမ်က ပင့်ကူတွေ ၊နံရံမှာ ကပ်ထားတဲ့ Spider-Man posterတွေ၊ခုံပေါ်မှာ၊ဘီရိုပေါ်မှာတင်ထားတဲ့Spider-Manအရုပ်တွေ၊ပင့်ကူအိမ် ပုံစံခြေသုတ်ဝတ်လေး၊ကုတင်ခေါင်းရင်းမှာ ထားထားတဲ့ ပင့်ကူရုပ်တွေ၊စာအုပ်စင်ထဲမှာ စီထားတဲ့Comic bookတွေ၊ ဦးတည်ခြုံထားတဲ့ပင့်ကူအိမ်ပုံပါတဲ့စောင်ကိုကြည့်ပြီး ဦးတည်ခုထိ Spider-Man character ကိုတော်တော်သဘောကျသေးပါလား တွေးမိတော့တယ်။ ဦးတည်ကို အရမ်းမိုက်ပါတယ်ပြောတဲ့ ကျောင်းကစော်လေးတွေကို တစ်ရက်လောက်တော့ ဒီအခန်းကို ရအောင်လိုက်ပြဦးမယ်။ဦးတည်ကလေ Spider-Manအကြောင်းလေးများပြောနေရရင် ထမင်းမေ့၊ဟင်းမေ့ပြောနိုင်တာ နားထောင်တဲ့သူတောင် နားမခံနိုင်တော့ လို့ထွက်ပြေးရတဲ့ထိပဲ။
"ဦးတည် ဦးတည် ဟျောင့်ထတော့"ပုခုံးကကိုင်ပြီးလှုပ်နှိုးနေတာတောင် နွားကတုတ်တုတ်မလှုပ်ဘူး။
"ဟဲ့ကောင် နွား ထတော့လို့ ကျောင်းတက်ရမယ်လို့"
"အွန်း...အဲ...ထချင်သေးဘူးလေ...ခက်သွေးကလည်း...ကိုကိုအိပ်ချင်သေးတယ်...ခဏလောက်ထပ်အိပ်ဦးမယ်လေ ခက်သွေးကလည်း"
ငယ်ငယ်ထဲက အသက်လေးနည်းနည်းကြီးတာကို သွေးနားထင်ရောက်နေတဲ့ ဦးတည်က အရွယ်ရောက်လာတော့လည်း သူ့ကိုယ်သူ ကိုကိုတဲ့ တကယ်စိတ်ဆင်းရဲစရာပါ
"l33ကို ကိုကို အသက်လေးနည်းနည်းကြီးတာကိုပြောလို့မဆုံးဘူး"
"ပြောချင်နောက်မှပြောကွာ ခုငြိမ်ငြိမ်လေးနေ" ပြောချင်ရာပြောပြီး ရင်ခွင်ထဲဆွဲထည့်ထားသောဦးတည်နဲ့ ငြိမ်နေရသောခက်သွေးတို့ နှစ်ယောက်သား ကုတင်ပေါ်၌ လုံးထွေးလျက်။
YOU ARE READING
DIRECTION
RomanceDIRECTION D:ခက်သွေးလေး ကိုကိုလို့ခေါ်ချင်ဘူးလား K: ခေါ်ချင်တာပေါ့ နွားလေးရဲ့