Part [ 1 ]

2.4K 160 104
                                    

နှစ်ဦးသဘောတူကွာရှင်းပြတ်စဲခြင်း

စာချုပ်ပေါ်မှာရေးထားတဲ့ စာသားတွေဟာ သူတို့ရဲ့အချစ်နဲ့ မလိုက်ဖက်အောင် အကျည်းတန်လွန်းနေတယ်။

ကျန်းဟာအို ဆိုတဲ့ နာမည်အောက်မှာတော့ သူ့လက်မှတ်လေးက အထင်သား။ တစ်ဖက်က  ဆောင်းဟန်ဘင်း ဆိုတဲ့ နာမည်အောက်မှာတော့ ဗလာ။
စာချုပ်လေးထားခဲ့ပြီး ဒီနိုင်ငံကနေထွက်သွားခဲ့ရင်တော့ ဟန်ဘင်းရဲ့ လက်မှတ်လည်းစာချုပ်ထဲမှာ နေရာယူလာမှာပေါ့။

သူတို့ရဲ့အခန်းထဲ စာချုပ်ကိုထားခဲ့ပြီးတာနဲ့ ဟာအိုဟာ ခရီးဆောင်အိတ်တွေကိုဆွဲရင်း သူတို့ရဲ့ အိမ်ကနေထွက်လာခဲ့လိုက်တော့သည်။  လက်ထပ်ခါစက ပျော်ရွှင်မှုတွေနဲ့ ပြည့်နေခဲ့တဲ့ ဒီအိမ်လေးက အခုချိန်မှာတော့ အက်ကွဲရာတွေနဲ့ အကျည်းတန်သွားမယ်လို့ ဘယ်သူထင်ခဲ့ပါ့မလဲ။

ငါ အရာအားလုံးကို ကျောခိုင်းလိုက်ပြီ။ ငါဘယ်တော့မှ နောက်ပြန်လှည့်မကြည့်တော့ဘူး မောင် .........

                     ••••••••••••••••••••••••••••••••

ပြတင်းပေါက်ကနေ တိုးဝင်လာတဲ့နေရောင်တွေကြောင့် အိပ်နေရာက မျက်လုံးအသာဖွင့်ကြည့်မိတော့ ၇နာရီ။
လေတိုက်လိုက်တိုင်း ချမ်းစိမ့်စိမ့်ဖြစ်နေပေမယ့် ကုမ္ပဏီသွားရဦးမှာမလို့ ရေမိုးချိုးပြင်ဆင်ရဦးမယ်။
ကျန်းဟာအို ဆိုတဲ့ သူ့အတွက်တော့ နေ့ရက်တိုင်းက ကုမ္ပဏီနဲ့အိမ်၊အိမ်နဲ့ကုမ္ပဏီသာ ဖြတ်သန်းနေတာ ကြာခဲ့ပြီပဲ။

‌တချို့တွေက နွေဦးကို ကြိုက်ကြတယ်ဆိုပေမယ့် ဟာအိုကတော့နွေဦးကိုမုန်းတယ်။ သူ့အတွက်ပျော်ရွှင်စရာတွေကို နွေဦးမှာ တွေ့ခဲ့ပေမဲ့ ရင်နာစရာတွေကလည်း နွေဦးမှာပဲ ဖြစ်ပေါ်ခဲ့တာ။
အခုလိုအိပ်ရာထချိန်ဆို အရင်ကအမြဲနိုးထနေကြ ရင်ခွင်တစ်စုံကိုလွမ်းမိတာတော့ အမှန်ပဲ။ ဒါပေမဲ့ ထိုရင်ခွင်ရဲ့ပိုင်ရှင်ကတော့ သိပ်မုန်းဖို့ကောင်းလွန်းတယ်။

မနက်စာစားဖို့အောက်ဆင်းလာတော့ အမေတို့နဲ့အတူ သူ့အတွင်းရေးမှူးလေး ဂျီဝန်း က သူ့ကို ဧည့်ခန်းမှာထိုင်စောင့်နေတယ်။

Formed By Tear Tempat cerita menjadi hidup. Temukan sekarang