-Unicode-
" လွမ်းတယ် မင်ယောလ်ဂျယ်။ "
" ငါတို့လည်း လွမ်းပါတယ်ကွ၊ အီဂယောင်းရဲ့။ "
ဗြောင်ဂျွန်းရဲ့ ခပ်ထေ့ထေ့ စကားကို ဂျောင်ဝန်းက အသံတိတ် ရယ်သည်။ အမှန်တိုင်း ပြောရလျှင် သူလည်း ယောလ်ဂျယ်ကို အရမ်း လွမ်းနေသည်။ ကိုကိုကြီးကြောင့် အဆက်အသွယ် ရနေတုန်းပဲဆိုပေမဲ့လည်း သူတို့သူငယ်ချင်းနှစ်ယောက်က အမြဲတတွဲတွဲ ရှိနေခဲ့တာ မဟုတ်ဘူးလား။ အခုလိုမျိုး ရက်ချီကြာအောင် အကြာကြီး မခွဲဖူးသေး။ လွမ်းလိုက်တာ သူ့သူငယ်ချင်း အဆိုးလေးကို။
" ပြန်တော့လာမှာမလား ? "
" လာရမှာပေါ့။ စာသင်နှစ်က ကျန်သေးတာကို။ အင်း ... ဒုတိယနှစ်ကြီး ပြီးသွားရင်တော့ မသေချာဘူးရယ်။ "
ပြောနေရင်းနှင့်မှ အီဂယောင်းကို ဂျောင်ဝန်း မသိမသာ လှမ်းကြည့်လိုက်သည်။ မျက်နှာက တော်တော်မကောင်း။ အင်းလေ၊ သူတို့တောင် သည်လောက် ဝမ်းနည်းနေတာ အီဂယောင်းဆို ဘယ်လောက်တောင် ခံစားရလေမလဲ။ နားလည်ပါသည်။ သူကိုယ်တိုင်ကလည်း အချစ်ဆိုသည့် အရာကို ကောင်းကောင်းကြီး ခံစားနေတတ်ပြီမို့။
" လွမ်းတယ်ဆိုပြီး မဟုတ်တာတွေတော့ လျှောက်လုပ်ဖို့ မစဥ်းစားနဲ့နော် ဆရာသမား။ ငါတို့ ရှိတယ်။ ငါတို့နှစ်ယောက်က မင်းတို့နှစ်ယောက်ကို ပစ်မထားဘူး။ "
ဆရာကြီး ဗြောင်ဂျွန်းကတော့ သူ့အကျင့်အတိုင်း ဆုံးမသြဝါဒ ချဖို့ ပြင်နေပြန်သည်။ သို့သော်လည်း သူပြောတာ မှန်သည်။ အီဂယောင်းက စိတ်မြန်သည့်သူစား။ ထို့ပြင် သိုလည်း သိုဝှက်လွန်း၏။ မင်ယောလ်ဂျယ်လည်း တူတူပါပင်။ ထို့ကြောင့် သူတို့နှစ်ယောက်ကို ပိုစိတ်ပူရသည်။ တစ်ခုခုဆို မပြောဘဲ လုပ်ချင်ရာတွေ လုပ်သွားကြမှာ ဂျောင်ဝန်းကိုယ်တိုင်လည်း စိုးရိမ်မိသည်။
ဗြောင်ဂျွန်းနောက်ကနေ ဖော်လိုလိုက်ပြီး သူပါ ဆရာကြီး ဝင်လုပ်ဖို့ ပြင်လိုက်ပေမဲ့ ဖုန်းဆီက နိုတီသံကြောင့် အီဂယောင်းဆီက အာရုံက ဖုန်းဆီသို့ ပြောင်းသွား၏။ သည်တလော မက်ဆေ့ချ်အပို့ဆုံးက ဘယ်သူလဲဆိုတာ ဂျောင်ဝန်း သိပြီးသားလေ။ သည်တစ်ခါလည်း သူပဲဖြစ်မှာ။
![](https://img.wattpad.com/cover/315920297-288-k432810.jpg)
YOU ARE READING
𝖡𝖾𝗒𝗈𝗇𝖽 𝖳𝗁𝖾 𝖲𝗂𝗆𝗉𝗅𝗂𝖼𝗂𝗍𝗒 @𝗝𝗮𝘆𝘄𝗼𝗻
Fanfiction𝖯𝖺𝗋𝗄 𝖩𝗈𝗇𝗀𝗌𝖾𝗈𝗇𝗀 & 𝖸𝖺𝗇𝗀 𝖩𝗎𝗇𝗀𝗐𝗈𝗇 - | 𝗯𝗲𝘆𝗼𝗻𝗱 𝘁𝗵𝗲 𝘀𝗶𝗺𝗽𝗹𝗲 𝗯𝗹𝘂𝗲, 𝘁𝗵𝗲𝗿𝗲 𝗶𝘀 𝗮 𝘆𝗲𝗹𝗹𝗼𝘄 𝗵𝗼𝗺𝗲. -