Part 2 (U)

436 14 0
                                    

ဒီနေ့မှလကပိုသာနေသလိုပင်။

ဘာလဲသဘာ၀တရားကြီးကပါငါ့ကိုရွဲ့နေတာလားဟ
တစ်သက်လုံးဘ၀ကိုပျော်ပျော်ပါးပါးနဲ့တစ်ကိုယ်တည်းဖြတ်သန်းမယ်လို့ဆုံးဖြတ်ထားခါမှ......

"သူကဘာလို့ငါ့ဘ၀ထဲအလွယ်တကူ၀င်လာတာလဲ။
ကျစ်! ကပ်ပါးကောင်! ငါသွားသမျှနေရာတိုင်းကိုလိုက်ပြီးဖျတ်လို့ဖျတ်ဆီးလုပ်နေတဲ့ချီးထုတ်ကောင်။"

လက်ကြားမှာညှပ်ထားတဲ့ဆေးလိပ်ကိုမီးညှိဖို့ ရှာရင်းး
မိမိမြင်ကွင်းရှေ့ ခပ်သွယ်သွယ်လက်ဖမိုးလေးတစ်ခုကကျရောက်လို့လာ၏။
ထိုလက်ပိုင်ရှင်ဟာတခြားသူမဟုတ်....ခွန်းစေ ပင်။

"ငါမီးညှိပေးမယ် ဇိုင်ရမ်"

လရောင်အောက်မှာမို့ထိုလူ၏မျက်နှာအစိတ်ပိုင်းတစ်ခုခြင်းဆီကထင်းခနဲပင်။

၀င်းမွတ်နေတဲ့မျက်နှာအသားရည်ပေါ်မှာသွေးကြောစိမ်းလေးတွေကပြန့်ကြဲလျက်
ခပ်လုံးလုံးနှာခေါင်းထိပ်လေးကဆွဲညှစ်ပစ်ချင်စရာကောင်းလှ၏
ယပ်တောင်သဖွယ်ဖြာကျနေတဲ့မျက်တောင်မွှေးတွေကလည်းမီးရိူ့ပစ်ချင်စရာ
မီးညှိဖို့ကိုအာရုံစိုက်နေလို့လားမသိ၊ထိုလူ့မျက်၀န်းတွေကဝိုင်းစက်နေ၏။
ထိုကျော့ကွင်းအတွင်းမတိမ်းညွှတ်အောင်.......

"ဖယ်စမ်း ခများလက်။"

"ငြိမ်ငြိမ်နေလေ ဇိုင်ရမ် ဆေးလိပ်မှာမီးမစွဲသေးဘူး။"

"ခများ!!"

အသံကဟိန်းသွားလို့လားမသိ။မိမိကိုအလန့်တကြားမော့ကြည့်လာသူရဲ့မျက်၀န်းတွေကတစ်စထက်တစ်စအရောင်ရင့်လာသလို

"ဇိုင်ရမ် ငါ့ကိုစိတ်တိုနေတာလားဟင်"

"စိတ်လည်းမတိုဘူး၊စိတ်လည်းမဆိုးဘူး၊စိတ်ထဲမှာလည်းမရှိဘူး။"

ထိုစကားတွေကဆေးလိပ်ငွေ့တွေကြားပျောက်ကွယ်သွားလျက်။
>>>>>>>>>
<<<<<<<
စိတ်ထဲမှာအပြစ်လုပ်ထားမိသလိုမဝံ့မရဲနဲ့
အကြောင်းပြချက်ရယ်လို့မယ်မယ်ရရမရှိပေမဲ့
ထိုစံအိမ်ရဲ့ခမ်းနားမှုကြောင့် အနည်းငယ်ရှိန်နေသလိုပင်။

"ရောက်ပြီလားအကိုလေး ခွန်းစေ"

မိမိနာမည်ခေါ်သံကြားမှ တွေးလက်အတွေးတွေကိုရုတ်သိမ်းဖို့ပြင်ရတော့တယ်။

Dark side Where stories live. Discover now