Part-62(Unicode + Zawgyi)

5.9K 269 14
                                    

(Unicode)








ဒီနေ့ဟာ7လပိုင်း 15နေ့ဖြစ်သည်။ တစ်နည်းအားဖြင့်ပြောရလျှင်ထွန်းတောက်ပိုင်နှင့်မိုးမြင့်ခေါင်တို့၏ မင်္ဂလာပွဲနေ့ပင်။

ဒီနေ့တွင်တော့ စီးပွားရေးလုပ်ငန်းရှင်တော်တော်များများလည်းရောက်ရှိနေကြလေပြီ။ 'Winter' Group ၏CEO ဦးဆောင်းဦးမိုးမာန်ကတော့ မအားသဖြင့်မလာနိုင်ပေ။ လက်ဖွဲ့လှမ်းပို့၍ ဖုန်းဖြင့်သာလှမ်းဆက်၍ဂုဏ်ပြုပေးလေသည်။ ယခုတွင်တော့ ဟိုတယ်ခန်းမထဲတွင်စီးပွားရေးလုပ်ငန်းရှင်တော်တော်များများစုဝေးရောက်ရှိနေကြသည်။

ဈာန်မင်းတခေတ်၏မိဘများ၊ ဘုန်းဇေယံ၏မိဘများ၊ ကျော်ဇင်၊မြတ်အောင်တို့၏မိဘများနှင့် မင်္ဂလာသတို့သားနှစ်ယောက်၏မိဘများ၊ သန့်ဇေထွန်းနှင့်ငွေစင်ကြိုးတို့၏မိဘများအားလုံးစုနေကြလေသည်။ ထူးသက်၏မိဘနှစ်ပါးကတော့မရှိကြပေ။

"ကျုပ်တို့လာတာမီသေးရဲ့လားဗျ"

ရုတ်တရက်ဝင်လာကြသောလူနှစ်ယောက်အားကြည့်လိုက်သောအခါ မိုးမြင့်ခေါင်တစ်ယောက်ပြုံးပျော်သွားတော့သည်။ ထိုလူနှစ်ယောက်မှာ သူတို့၏အရေးကြီးတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးပင်မဟုတ်လား။

ထိုလူနှစ်ယောက်ကိုမြင်လိုက်ရသော် ထိုင်ခုံတွင်ထိုင်ကာ မုန့်စားနေသောထူးသက်မှာနင်ပင်နင်သွားသည်။

*ဟာ...ဘယ်လိုတောင်ရောက်ချလာတာလဲ! ဘယ်လိုပဲဖြစ်ဖြစ်ပါလေ အပြန်မုန့်ဖိုးတော့တောင်းအုံးမှ ဟီးဟီးး*

ထို့နောက်စားနေရာမှ ရပ်ကာရေသောက်၍ ထ,သွားကာမျက်နှာချိုသွားသွေးတော့သည်။

"လွမ်းနေတာ အဟင့်.."

"ဟားဟားး ဟုတ်လို့လား? အဖေကိုလွမ်းတာလား ငွေကိုလွမ်းတာလား?"

"ဟာ အဖေကလည်း‌ဗျာ..အမေ့ကြည့်အုံး"

ထူးသက်တစ်ယောက်အဖေနှင့်အမေကိုသွားချွဲတော့အဖေဖြစ်သူမှ ရယ်ကာစလေသည်။ ထူးသက်အမေကတော့ ခေါင်းသာယမ်းနေလေသည်။ သူငယ်ချင်းများအပါအဝင် ခွန်းနှောင်ကြိုးနှင့်သန့်ဇေမှာကြောင်အ,သွားလေသည်။ သူတို့တင်မက သူငယ်ချင်းများ၏မိဘများကောပင်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now