• 에피소드 - 5 •

186 30 0
                                    

▪︎𝗎𝗇𝗂𝖼𝗈𝖽𝖾

𖠗 - ❛ 아직은 어색해 익숙해질까요 ? ❜

[ ၅ ]

' အီဟန်ရဲ့ တစ်ဖက်သတ် အချစ်ဇာတ်လမ်း​လေး တစ်ခန်းရပ်သွားရ​ပြီ ' ဆိုတဲ့ နောက်​တော့ ထယ်ဆန်းက​ ( ဝမ်းနည်း ) နဲ့ ( ဝမ်းသာ ) ကြားထဲ ဒွိဟ​တွေ ဖြစ်ခဲ့ရတယ်။

ဝမ်းနည်းရတယ်ဆိုတာက အီဟန် အငြင်းခံလိုက်ရတဲ့အတွက် ဝိုင်းကူပြီး စိတ်မ​ကောင်းဖြစ်ပေးတာ​ မဟုတ်ဘူး။

ထယ်ဆန်းလည်း အီဟန့်ကို ပျော်​စေချင်တာပဲ။

သူသာ အစ်ကိုဆန်းယော့ဆိုရင် အီဟန့်သ​ဘောကို လိုက်​လျော​ပြီး ပြန်ကြိုက်​ပေးမိမှာပါ။

ဒီလိုဆိုပေမယ့် အစ်ကိုဆန်း​ယော့က အစ်ကိုဆန်း​ယော့ဖြစ်​နေတာကို​တော့ သူလည်း ဘာမှ ဝင်​ပြောင်းလဲပေးလို့ မရဘူး​ပဲ​ပေါ့။

ဝိဥာဥ်ဝင်ပူး​ပေးဖို့ဆိုတာကလည်း ရူးနှမ်းတာပဲ။

ဒီလိုမျိုး က​​​သောက်ကရိုက်​တွေ အမျိုးစုံ​အောင် ဖြစ်​နေတုန်းမှာပဲ အီဟန့်အတွက် နောက်ထပ် ရိုက်ချက်အသစ်တစ်ခုက ထပ်ဝင်လာတယ်။

အဲဒါက ..၊

အဲဒီအချင်းအရာ ပြီးဆုံးသွားပြီး
သုံး ၊ ​လေးရက် အကြာမှာ ..။

အစ်ကိုဆန်း​ယော့က အေဂျင်စီတစ်ခုနဲ့ ပူး​ပေါင်းပြီး လေ့ကျင့်​ရေးဆင်း​နေရတဲ့ သင်တန်းသားတစ်​ယောက် ဖြစ်​နေမှန်း အီဟန်​ရော ထယ်ဆန်းပါ တအံ့တသြနဲ့ သိခဲ့ရတယ်။

နှစ်မကုန်ခင်မှာတင် ( ရီဝူ ) ဆိုတဲ့ နာမည်တစ်လုံးနဲ့ ပွဲဦး​တောင် ထွက်ခွင့်ရ​တော့မယ့် အစ်ကို့အ​ကြောင်းက ကျောင်းက လူတိုင်းရဲ့ ပါးစပ်ဖျားမှာ မ​ပြောမဖြစ်တဲ့ စကားလမ်း​ကြောင်းပဲ။

[ ထမင်းစားပြီးပြီလား ] နဲ့ အစတည်တဲ့ စကားဝိုင်း​တွေဟာ ..၊

[ နောက်ဆုံးနှစ် ၊ အခန်း ( ၃ ) က အီဆန်း​ယော့ ပွဲဦးထွက်​တော့မယ် ] ဆိုတာနဲ့ပဲ အဆုံးသတ်ရတာချည်းလို့​တောင် ပြောလို့ရတယ်။

အီဟန်​တောင်မှပဲ ဒီအ​ကြောင်းကို ဘေးလူ​တွေဆီက​နေ ဟိုဟိုဒီဒီ သတင်း​တွေ ထွက်လာ​​တော့မှ အမှန်ပါဆိုပြီး ခက်ခက်ခဲခဲ လက်ခံခဲ့ရတာ။

𝖤𝖷 - 𝖨𝖳 [ 공푸르즈 ]Where stories live. Discover now