Ep-1

511 6 0
                                    

Tiiii~
ဆူညံစွာ မြည် နေ သော alarm အား ပိတ်လိုက်ပြီး တါးခနဲ သန်း ကာ ကုတင်ပေါ်မှ ဆင်းလိုက်သည်။ ဒီနေ့သည် သူပထမဆုံး ဆရာ အဖြစ် အလုပ် စဆင်းရမည် ဖြစ်သည်။

ရေချိုး ခန်းထဲဝင်ကာ မျက်နှာ သစ်သွားတိုက်ပြီး ရေပါ တခါတည်း ချိုးလိုက်သည်။
ဗီဒိုထဲမှ ကျော့ကော့အောင် မီးပူတိုက်ထားသော လည်ကတုံး အဖြူအားထုတ်ဝတ်လိုက်ပြီး နက်ပြာရောင် ရခိုင်ပုဆိုးလေးအားဝတ်လိုက်သည်။ လည်သာအနက်ကြိုနှင့် နာရီအား ဝတ်ဆင်လိုက်ပြီး ရေမွှေးတချက် နှစ်ချက် စွတ်ကာ အောက်သို့ဆင်းခဲ့လိုက်သည်။

မီးဖိုးချောင်သို့ဝင်ကာ အေပရွန်အား ဝတ်ဆင်ရင် မနက်စာထမင်းကြော်လိုက်သည်။
နေ့လည်စာကိုတော့ ကန်တင်းမှာပင် စားလိုက်တော့မည်။ ထမင်းကြော်ထိုင်စားရင်း ခြောက်ကပ်နေသော အိမ်လေးအားဝေ့ကြည့်လိုက်သည်။ တယောက်တည်းနေသည်မှာ ကြာလှပြီ လွန်စွာအထီးကျန်ရသည်မှာ အမှန်။

ထမင်းကြော်စားပြီး လိုအပ်သောပစ္စည်းအချို့ထည့်ထားသောအိတ်ကိုဆွဲကာ ကျောင်းသို့ သွားရန် ဟန်ပြင်သည်။ အာ
...မေ့တော့မလို့။ သော့ခတ်ထားသော အခန်းတခုအားဖွင့်လိုက်ရင်း

"ငါသွားပြီနော်...အရမ်းချစ်တယ်"

အိမ်တခါးများ သေချာ ပိတ်ကာ ဆိုင်ကယ်သော့ဆွဲ၍ ကျောင်းတော်ဆီ ထွက်ခဲ့လိုက်သည်။
-----------------------------------------------------------
ကျောင်းတော် ရောက် သော် ဦးစွာ ကျောင်းအုပ် ရုံးခန်းသို့ သွားရသည်။

"ဆရာမကြီး --- လင်း ရောက်ပါပြီ "

"ဪ -- လင်း ထိုင်လေ "

လင်းသည် ဒီကျောင်းမှာပဲ တတ်ခဲ့သည်မို့ ဆရာ၊ဆရာမများနှင့် ရင်းနှီး ကျွမ်းဝင်ပြီးသားဖြစ်သည်။

" လင်း က 9တန်း eng သင်ရမှာ၊ ပြီး C ခန်း ကို ယာယီအတန်းပိုင် တလ လောက် တာဝန်ယူပေးပါလားကွယ်၊ အရင် အတန်းပိုင် ဒေါ်ဝင့်ဝါ က အူအတတ်ပေါက်လို့ အရေးပေါ် ခွင့် ယူထားလို့ ကွယ်"

"ဟု ရပါတယ် ဆရာမကြီး"

"အေးကွယ် -- C ခန်းက စာတော်ပေမယ့် ခပ်ဆိုးဆိုးလေးတွေများတယ် အာ့ကြောင့်တွဲဖက် အတန်းပိုင် ဆရာမလေး တစ်ယောက်ပါ တွဲထားပေးတယ် "

ချိုမြိန်သောအဆိပ်အားသောက်သုံးခြင်းحيث تعيش القصص. اكتشف الآن