Ep.5

4.6K 183 7
                                    

(Unicode )
မမှောင်ခင် ဆေးရုံမှာရှိတဲ့ မားမားဆီ ပြေးတဲ့ကောင်လေး ရှောင်းကျန့်  ချန်ယီနဲ့ ကမ်းနားမှာ အနားယူခဲ့ပြီး အိမ်ပြန်တဲ့ဆီလဲမရောက်ခဲ့ပါ ဆေးရုံးက မားမားဆီ တန်းသွားသည်။
 
သူ့ရဲ့ ပထမဦးဆုံးအကြိမ်မို့ထင်ပါသည်တစ်ကိုယ်လုံး နာကြင်နေသလိုခံစားနေရသည် လက်နဲ့ခြေတွေကပါ ကိုက်ခဲနေသလို အောက်ပိုင်းနေရတာကလဲ အတော်လေး နေရခက်သည်။

ခန္ဓာကိုယ်ပေါ်က နာကြင်မှုကြောင့် စိတ်ညစ်နေပေမယ့် မားမားဖြစ်သူ၏ ဆေးဖိုးကို လုံလုံလောက်လောက် ပေးနိုင်တာမို့ ရင်အေးမိသည် ။

မားမားဟာ လွန်ခဲ့တဲ့အချိန်တစ်ခုကမှ အကြိတ်တစ်ခု တည်လို့ ဆေးရုံတက်ခဲ့ရသည်သာ ဖြစ်သည် ခွဲစိတ်လို့ရတဲ့ ရောဂါဆိုပေမယ့် ခွဲစိတ်ဖို့အထိ ပိုက်ဆံမတတ်နိုင်တာမို့ ဆေးတွေသာ သောက်ပြီး ဆေးရုံတက်နေရသည်သာ။

ရှောင်းကျန့် နဲ့ သူ့မားမားဟာ ဂျောင်ကျတဲ့ ရပ်ကွက်လေးတစ်ခုမှာ အငှားတိုက်ခန်းလေးတစ်ခုမှာနေသည်  ဖခင်မရှိတဲ့အတွက် ရှောင်းမားကပဲ ရှောင်းကျန့် ကို ပြုစုပျိုးထောင်ပေးလာခဲ့ရသည် အဖေလဲသူမအမေလဲသူမဆိုသလို ရှောင်းကျန့် ကျောင်းစရိတ် အစစရာအရာကို တစ်ယောက်ထဲ ခေါင်းခံနေခဲ့ရသည် ။

မိခင်နေကောင်းစဥ်က ကျောင်းစာကိုပဲ အာရုံစိုက်ခဲ့ရတဲ့ ရှောင်းကျန့် ဟာ မိခင်နေမကောင်းဖြစ်သွားချိန်မှာတော့ မိခင်အစား အားလုံးကသူ့ခေါင်းပေါ်ရောက်လာခဲ့သည် မိခင်ဆေးဖိုးအပြင် သူ့ကျောင်းစရိတ်တွေကလဲရှိသေးသည် ဒါအပြင်တိုက်ခန်းဖိုးကလဲ ရှိသေးတာမို့ ကျောင်းသားတစ်ယောက်အနေနဲ့ ဒီဝန်ကြီးကတော့ များပြားလွန်းလှသည် ။

"ဆရာ မားမားအခြေအနေလေး ....

"ပုံမှန်ပါပဲ   ဒါပေမယ့်အကြိတ်ကခွဲစိတ်လိုက်တာအကောင်းဆုံးပါပဲ ဆေးတွေက နာကြင်တာကိုပဲသက်သာစေတာပါ အကြိတ်ကိုပျောက်ကင်းမသွားစေပါဘူး ....

"ဟုတ်ကဲ့ဆရာ ကျွန်တော် ခွဲစိတ်နိုင်ဖို့ကြိုးစားပါ့မယ်....

"ဟင်းးး အင်းပါ... ကဲကဲ မားမားကိုစကားသွားပြောလိုက်ပါအုံး..

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Where stories live. Discover now