အပိုင်း(၁၉)ဥပုသ်စောင့်တဲ့ကျား

1.7K 59 0
                                    

နုနုမသိအောင် အပြင်သို့အသာလေးခိုးထွက်ဖို့လုပ်နေသော ကိုကြီးကို

"ကိုကြီးဘယ်သွားမလို့လဲ"

"ဪ အင်း ကိစ္စလေးရှိလို့နုနု ခဏဘဲ မကြာဖူး ကိုကြီးပြန်လာမယ်။ နုနုဘာစားချင်တာရှိလဲ။ အပြန်ဝယ်လာမယ်လေ"

နုနုခေါင်းလေးခါပြရင်း ထွက်သွားသည့်ကိုကြီး၏နောက်ကျောကိုကြည့်ကာ ပင့်သက်ရှိုက်မိသည်။

မရိုးသားဘူး၊ ခုတလော ကိုကြီးအမူအယာတွေမရိုးသားဘူး။ နုနုသံသယမဝင်ချင်ပေမယ့် ယုံကြည်ဖို့လည်းမရဲ ဖြစ်နေရသည်။

ခုဆိုနေ့ကိုရက်စား၊ ရက်ကိုလစား၍ နုနု၏ကိုယ်ဝန်ပင် ၇လကျော်၊၈လသို့ ဝင်နေပြီဖြစ်သည်။ ဗိုက်ထဲက ကလေးမှာ သားလေးဟုသိထားပြီဖြစ်၍ ကိုကြီးမှာ ပျော်မဆုံးဖြစ်နေသည်။ အမေတို့ရော၊ ကိုကြီးပါ ပြာနေအောင် ဂရုစိုက်သဖြင့် နုနုတစ်ယောက် ကိုယ်ဝန်ဆောင်ရတာ ပင်ပန်းပေမယ့်လည်း စိတ်ချမ်းသာရသည်။ ခက်တာက အခုလပိုင်းအတွင်း ကိုကြီး အမူအယာပျက်နေခြင်းပင်။

အရင်က အပြင်သွားလျင် ဘယ်သွားသွားပြောသွားတတ်သည့် ကိုကြီးက အခုမေးရင်တောင် တိတိကျကျမပြော ဟိုလိုလိုဒီလိုလို ပြောသွားတတ်သည်။ ဖုန်းမြည်လျင်၊ ဖုန်းမက်ဆေ့ဝင်လို့ နုနုကိုင်ပေးမည်ဆိုလည်း အကိုင်မခံ ပျာပျာသလဲ လုကိုင်ပြီး အပြင်ထွက်ပြောတတ်သည်။ ဘယ်ကဆက်လည်းမေးရင် ဖုန်းမှားတာဟုဖြေတတ်သည်။

အဆိုးဆုံးကတော့ နုနုအိပ်တာသေချာပြီဆိုမှ ဖုန်းသုံးသည်။ ဖုန်းကိုကြည့်ပြီး မျက်နှာကြီးက ပြုံးလို့ ပြီးရင် စာရိုက်တဲ့အသံ၊ message ဝင်သံ တတိန်တိန်ကြားနေရတတ်သည်။ မနက် ကိုကြီးရေချိုးတုန်း ဖုန်းကိုယူစစ်လျင် ဘာမက်ဆေ့ခ်ျမှ မတွေ့ရတော့ အကုန် ပြန်ဖျက်ထားပြီးဖြစ်သည်။

ကျောင်းက အပြန်ရေချိုးတော့လည်း သူ့အင်္ကျီနှင့်ပုဆိုးကို တစ်ခါတည်းလျှော်လိုက်တတ်သည်။ အရင်က အင်္ကျီတစ်ထည် နှစ်ရက်လောက်ဝတ်လို့ ပြောနေရတဲ့သူက အခု ချက်ချင်းတန်းလျော်သဖြင့် နုနု၏ သံသယကို ပိုပြီးကြီးထွားလာစေသည်။မိန်းမကိုယ်နံ့တွေပါလာလို့ သက်သေဖျောက်နေတာလား ကိုကြီးရယ်....

နုနုတစ်ယောက်သာWhere stories live. Discover now