< ၁ >

175 23 8
                                    

< မြေနီကုန်းရွာ >

" အော်အီးအီးဘွတ်! "

ကျော်စိန်ရဲ့ ကြက်တွန်သံက ဖဲရိုက်ဖို့လူစုတဲ့ချိန်တိုင်းကြားရသည့်အသံပင်။ ကျော်စိန်အပီသဆုံးလုပ်တတ်သည့် တိရစ္ဆာန်သံက ကြက်တွန်သံဖြစ်တာကြောင့် မြတ်သိန်းက ဖဲဝိုင်းလူစုမည့်အချိန်တိုင်း ထိုအသံပေးရန် မှာထားခြင်းဖြစ်၏။ အော်အီးအီးအွတ်လို့အော်ရင် ကြက်တွန်တိုင်း ကျော်စိန်တွန်သံဆိုပြီး ပြေးလာနေကြရသည်မို့ အော်အီးအီးဘွတ်လို့ မြတ်သိန်းဟာ ပြောင်းအော်ခိုင်းခဲ့သည်။ မြတ်သိန်းကိုကိုဟာ အဲ့သည်လိုလူပင်ဖြစ်သည်။

" ‌ဟျောင့် ငသိန်း...ကျော်စိန်‌တွန်ပြီကွ "

‌မြတ်သိန်းထမင်းအိုးကြည့်နေစဉ် လာပြောသည့် လှမောင်ကြောင့် မြတ်သိန်းက ထမင်းအိုးအားမွှေရင်းစကားစသည်။

" ထမင်းအိုးမကျက်ရင်...အမေကဆူမှာကွ! နေအုံး အရင်ကြည့်ပေးလိုက်အုံးမယ် "

" မင်းကကြာအုံးမှာလား...ဝိုင်းလူပြည့်ရင်ပါမရပဲနေလိမ့်မယ် "

" နေပါအုံးကွာ...အမေက သူပြန်လာမှ ထွက်ခိုင်းတာကွ...ငါ့ကို ဈေးဆိုင်မှာ ခေါင်းလျှော်ရည် တစ်ဒင်ဇာလည်း ဝယ်ခိုင်းထားတယ် "

" တစ်ဒါဇင်လုပ်ပါ ငသိန်းရာ...မင်းနှယ့်လည်း "

" ‌အေးကွာ...အဲ့တာ "

ဘေးရှိထင်းအား အနည်းငယ်သာရှိတော့သည့် မီးဖိုထဲသို့ တစ်ချောင်းစိုက်သည်။ တက်မလာသေးသည့်မီးကြောင့် နောက်တစ်ချောင်းထပ်စိုက်သည်။ ဒါလည်းမီးမတောက်သေး။ မြတ်သိန်းစိတ်မရှည်စွာနှင့် ထမင်းအိုးအား အောက်ချကာ ထင်းထပ်ထည့်ရန်အပြင်။ လက်သုတ်ဝတ်မပါပဲ ယောင်ပြီးကိုင်လိုက်တာကြောင့် ပူကာ ထမင်းအိုးအားလွှတ်ချလိုက်မိသည်။ တည်ထားသည့်ထမင်းအကုန်လုံးဟာ မှောက်ကျကုန်လေတော့၏။

" ဟာ! ကုန်ပြီ...ငသိန်း ...မင်းကတော့သေပြီပဲ "

ပြေးလာသည့် အန်တီမြတ်အား သက်ထွေးမြင်လိုက်သည်မို့ ငသိန်းအား သတိပေးမည်ပြင်သော်လည်း မမှီတော့ပေ။ ဒေါ်မြတ်သီဟာ ထဘီမကာ ထမင်းအိုးနား ရောက်ချလာသည်မှာ မြန်ဆန်လွန်း၍သာဖြစ်သည်။

ပိုင်ဆိုင်သောWhere stories live. Discover now