ကိုကိုသည် ဘယ်သောအခါမျှ
ဂျီဆူးကိုမရွေးချယ်ခဲ့ပါ။
ထို့အတူ ဂျီဆူးသည်လည်း
ဘယ်သောအခါမျှ ကိုကို့ဘဝတွင်
အရေးမပါခဲ့ပါ။----------------------------------------------------------
"ဒီအရက်တွေသောက်ပြီး ဘာလုပ်နေတာလဲ
အိမ်ပြန်ရောက်ရင်လဲ ဟျောင်းအဆူခံရဦးမှာပဲဟာကို သောက်မနေစမ်းပါနဲ့"ဒိုဂယောင်းက... လေးခွက်မြောက်ဝီစကီခွက်ကို
မြှောက်ကိုင်တဲ့... ဂျီဆူးကို လှမ်းတားတယ်...
ဂျီဆူး ကလဲ ဂျီဆူးပင်ဖြစ်သည်... ကိုကိုမကြိုက်မှန်းသိလျှက်နှင့် လုပ်သည်... ကိုကို့စကားကိုနားမထောင်... ပြီးရင် ကိုကိုက သူ့အားလစ်လျူရှုလျှင်
ဂျီဆူးက.... ဒူးနှင့်မျက်ရည်သုတ်ရပြန်သည်။"ထားလိုက်စမ်းပါကွာ သူ့ဟာသူအဆင်ပြေသလိုနေပါလိမ့်စေ ငါ ဆွန်းချောဟျောင်း ကို ဖုန်းဆက်ထားတယ်"
ဆွန်းချော ဆိုသည့်အသံကြားသည်နှင့်.... တစ်ပြိုင်နက် စားပွဲပေါ်ခေါင်းစိုက်နေသော.... ဂျီဆူးက ဆတ်ကနဲ ခေါင်းထောင်ကာ.... မျက်ဝန်းပြူးကလေးနှင့် ကြည့်သည်။
"ဟင် ကိုကိုက ဘာပြန်ပြောလဲ? ဂျီဟွန်း"
"ထိန်းထိန်းသိမ်းသိမ်းသောက်ကြတဲ့ ပြီးတော့
ဟျောင်းကို အရက်နံ့ပျောက်မှ ကိုယ့်အပြစ်ကိုယ်ဆင်ခြင်သုံးသပ်ပြီး အိမ်ပြန်လာခဲ့တဲ့""ဟျောင်းလူက မဟုတ်သေးပါဘူးကွာ သူကျ သောက်စားပြီး ဟျောင်းကျတော့ မလုပ်နဲ့တဲ့လား"
ဟုတ်ပါရဲ့နော်
ကိုကိုကတော့ သူ့အချစ်ဦးကိုမြင်ရင်
ဂျီဆူးကိုမေ့သည်အထိ စိတ်လွတ်ရပြီးတော့
ဂျီဆူးကျတော့ ကိုကို့ ကိုလွမ်းခွင့်မရှိဘူးတဲ့လား?~လွန်ခဲ့သောခြောက်ရက်ခန့်က
"ဒါဆို အားရင်ထပ်တွေ့ကြမယ်လေ အမ့အမျိုးသားနဲ့ မိတ်ဆက်ပေးမယ် ပြီးတော့ ရှုအာ့ကိုလဲ ကောင်းကောင်းစောင့်ရှောက်ပေး"
KAMU SEDANG MEMBACA
𝖬𝗈𝗋𝖺𝗅 𝗈𝖿 𝗍𝗁𝖾 𝗌𝗍𝗈𝗋𝗒
Fiksi Penggemarတစ်ချက်လောက်ငဲ့ကြည့်လှည့်ပါဦး မြတ်နိုးရသူအား ကြည်သာစေချင်ရုံပါ ။ [ Choi Seungcheol + Hong Jisoo ] ( Warning - slight angst and male pregnancy )