EP - 11

1.8K 134 5
                                    

Unicode

တဖြည်းဖြည်းနဲ့ သူကို ဂရုစိုက်ပေးလာတဲ့ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်ဟာ ရင်ခုန်သံတွေ ပေါက်မထွက်အောင် ထိန်းနေရသည် ။

" ကျန့်ကော .... "

" ဟင် ပြောစရာရှိလို့လား ... "

" ဘာမှမဟုတ်ပါဘူး အဟီး ... "

အဲ့ဒါပဲ ကြည့် ။ ခါတိုင်းဆိုရင် ဘာလဲ ဘာတုန်း ဆိုတာနဲ့တင် သူတို့က ရန်ဖြစ်နေရတာ ။ အခု ကျန့်ကော စကားတစ်ခွန်းပြောရင် ကျန့်ကောဘက်က အလျှော့ပေးနေသလို့ ခံစားရသည် ။

" ဟိုလေ ကျွန်တော် ဆန်ပြုတ်သောက်ချင်လို့ ! "

" ‌အင်း ငါသွားလုပ်လိုက္မယ် ... "

ဝမ်ရိပေါ်လည်း ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ပြလိုက်သည် ။

ဒီလိုဘာလို့ပြောင်းလဲသွားခဲ့ရလဲ‌ဆိုတာသိချင်ရင် ဟိုတစ်နေ့လောက်က အဖြစ်အပျက်လေးကို ပြန်ပြောပြတာပေါ့ ။

///

Studioမှာ ဘာသင်တန်းမှာမရှိတာမို့ ဝမ်ရိပေါ်လည်း ကျိရန်တို့နဲ့အတူ လျှောက်လည်နေမိသည် ။ အဓိကကတော့ mallမှာ အင်္ကျီမဝယ်ပဲ ပတ်ကြည့်တာပေါ့။

" ရားး ရိပေါ် ... "

" ဘာလဲ ... "

" ဟိုမှာ မင်းလင် "

" ဘယ်မှာလဲ "

ကျိရန်က သူခေါင်းကို ကိုင်ကာ ရှောင်းကျန့်တို့ရှိရာ ဘယ်ဘက်ကို ညွန်ပြသည် ။ ကျိရန်က ဒေါသတကြီးနဲ့

" ဟိုမိန်းမကြီးနဲ့မလား ... မင်းလင်က အရှက်မရှိ .. "

ဝမ်ရိပေါ်လည်း လှမ်းကြည့်တော့ သူတို့က ဝတ်စုံတစ်ခုဝယ်နေပုံပင် ။ အင်္ကျီတွေကလည်း ဆင်တူအပြာတွေ ဝတ်ထားသေး ။ ဝမ်ရိပေါ်ဝင်မပါပဲ ပစ်ထားလိုက်တာနဲ့တင် သူတို့က ဒီအဆင့်ထိ ရောက်သွားကြတာလား ... ။

" ဝမ် ဒီအင်္ကျီလေး လှတယ် ဘာကြည့် ... ရှောင်းကျန့်လား .... "

အော် လင်းရှန်းလည်း ပါ‌လာသေးတယ် ။

" ဝမ်အစ်ကိုလား သွားနှုတ်ဆက်ရအောင်လေ .. "

ကျိရန်က

" ဘယ်ကအစ်ကိုရမှာလဲ အဲ့ဒါက ရိ ... အု .. "

ဝမ်ရိပေါ်ကပဲ ကျိရန်ပါးစပ်ပေါက်ကို ပိတ်လိုက်သည် ။

ʟᴏᴠᴇ ᴍᴇ || ᴢʜᴀɴʏɪ || ( ᴄᴏᴍᴘʟᴇᴛᴇ ) Where stories live. Discover now