Part.1

1.6K 37 0
                                    

Ep.1

"သတ်သေတာဆို....ဟုတ်လားဟယ်..."

"ငယ်ငယ်လေးရှိသေးတာကိုနှမျောလိုက်တာဟယ်"

"ကလေးမလေးကအနေအေးပြီးလှလည်းလှပိုက်ဆံလည်းရှိတယ်တဲ့ကြားတယ်"

"ဟုတ်မှာပေါ့..မိဘတွေမရှိတော့ဖူးမောင်လေးတစ်ယောက်တော့ရှိတယ်တဲ့..."

"သနားပါတယ်...စိတ်မကောင်းလိုက်တာ..."
အသုဘနာရေးခန်းမှာဧည့်သည်ဟူ၍
အနည်းငယ်သာရှိပြီးအသိဟုထင်ရသည့်
အမျိူးသမီးကြီးများကဝိုင်းဝန်းလုပ်ကိုင်ပေးနေသလို...
အတင်းအဖျင်းဟူ၍ကလည်းလူ့နူတ်ဖျားတွင်ပြောစရမြဲမို့အထူးအဆန်းရယ်ဟူ၍မရှိ....

"ဒေါက်....ဒေါက်..."
ရှူးဖိနပ်ခွာသံကတိတ်ဆိတ်နေသည့်
ပတ်ဝန်းကျင်လေထုအားရုတ်ချည်းပြောင်းလဲစေသလို...

အနက်ရောင်ဝတ်စုံအပြည့်ဖြင့်လူများက
နာရေးခန်းထဲတန်းစီစွာဝင်လာကြသည်။
အလောင်းရှိသည့်​နေရာတွင်
အခေါင်းမှန်ကိုအနည်းငယ်ဟထားသလို
ထိုအခေါင်းရှေ့တွင်နှစ်လိုစွာပြုံးနေသည့်
ပါးချိူင့်လေးတွေနှင့်အမျိူးသမီးလေး
ဆံနွယ်ရှည်တွေကပုခုံးထက်ဝဲကျကာ
အပြုံးတွေကအေးချမ်းနေသလောက်
အပြင်ရှိနာမ်ရုပ်ကတော့
အေးစက်စွာလဲလျောင်းနေဆဲ...

ဝင်လာသည့်ဝတ်စုံပြည့်လူများက
ဘေးတစ်ဖက်တစ်ချက်တွင်ရပ်ကာခေါင်းငုံ့
အရိုအသေပေးရင်းနောက်ပါးဆီမှ
တောင်ပြောင်နက်ဆွေးနေသည့်ဖိနပ်နှင့်အတူ
ခြေလှမ်းများကိုအိ​န္ဒြေရှိရှိလျှောက်လာကာ
ဘောင်းဘီအိတ်ကပ်ထဲလက်တစ်ဖက်ကလျိူထည့်ထားသလိုတဖက်ကစီးကရက်ကိုရှိုက်ကာ
အခိုးအငွေ့များအားမှုတ်ထုတ်လျက်...

တာဝန်ရှိသူများနှင့်အတူဧည့်သည်အချိူ့ကလည်း
ဝိုင်းကြည့်နေသလို...ထိုလူကတော့နည်းနည်းမှပင်
ပတ်ဝန်းကျင်အားရှိသည်မထင်သလို
တည်ငြိမ်နေသည့်မျက်နှာသွင်ပြင်က
မေးရိုးVပုံသဏ္ဍာန်တွင်
ထူထဲသောမျက်ခုံးတန်း
ချွန်ထက်သည့်နှာခေါင်း
နူတ်ခမ်းနီညိုရောင်တို့ကဘုရားပေးတဲ့ဆုလာဘ်လိုပင်...
ချောမောမှုကလျော့မသွားသလို
ဝတ်ဆင်ထားသည့်အဝတ်စားနှင့်
လက်ဝတ်လက်စားများကအထက်တန်းလွှာတစ်ယောက်ပုံစံကိုဖော်ညွှန်းနေသည်။

Default Title - ❌Dark Side Husband❌Where stories live. Discover now