Part 16

888 7 2
                                    

ဒီနေ့က သခင်မလေး အပြင်သွားတယ်လေ

မြတ်တစ်ယောက်ထဲ ပျင်းနေတဲ့အချိန် အလုပ်ကိစ္စပေါ်လာတော့ မြတ်လဲ သခင်မလေးဆီ ခွင့်လှမ်းတောင်းပြီး အပြင်ထွက်ခဲ့ရတယ်......

မြတ် အလုပ်ကိစ္စတွေပြီးလို့ အိမ်ပြန်ရောက်တဲ့အထိ
သခင်မလေးက အိမ်ပြန်မရောက်သေး

မြတ် စိတ်ပူလာခဲ့တယ် နေမကောင်းတဲ့ကြားက အလုပ်လုပ်နေတဲ့ သခင်မလေးကို စိတ်မချဖြစ်နေခဲ့မိတယ်.....

နေမကောင်းဖြစ်နေတဲ့အချိန် အလုပ်မလုပ်စေချင်ပေမယ့် မြတ်က ကျွန်ဆိုတော့လဲ မပြောရဲခဲ့ပါဘူးလေ.......

ဒီနေ့တော့ အတွေးတစ်ခုဝင်မိတယ်

"သခင်မလေး အပြင်သွားတဲ့အချိန်တွေဆို ခွေးတစ်ကောင်လို အိမ်မှာ စောင့်နေရမှာထက် သခင်မလေးသွားလေရာမှာ ထပ်ကြပ်မကွာလိုက်နေရမယ့် ဖိနပ်ကလေး ဖြစ်ချင်ခဲ့တယ် .....

သခင်မလေးရဲ့ ခြေဖဝါးနုနုကို ကာကွယ်ပေးချင်တယ် သခင်မလေးနဲ့အတူ အေးအတူပူအမျှ အတူတူခံစားပေးချင်ခဲ့တယ်"

ဒါတွေက ကျွန် တစ်ယောက်ရဲ့ အတွေးတွေပါ

ဘယ်လိုလုပ် ဘောင်ဝင်ပါ့မလဲ.......

ခွေးတစ်ကောင်ထက် မပိုတဲ့ ကိုယ့်မှာ.........

#Amara

သခင်Where stories live. Discover now