ထင်တဲ့အတိုင်းပါပဲ.တစ်လလောက်နေတော့ညနေထမင်းဆိုင်သိမ်းပြီးပြန်ရောက်လာခါစ,မှာသီတာ့ယောင်္ကျားကသူ့မိဖတွေကိုပါခေါ်လာပြီးပြန်တောင်းပန်တယ်။ပစ်လိုက်ရတော့မယ်လို့ စိုးရိမ်ခဲ့ရတဲ့ မအေးတင်ကလည်းတော်တော်လေးကိုကျန်းမာလာပြီမို့သူတို့လာတောင်းပန်တာကိုလက်ခံပြီး အတူထွက်လာဧည့်ခံတယ်။သီတာ့ကိုလည်း ပြန်လိုက်သွားဖို့နားချ ကူတာပေါ့။
ရှေ့ရေးနောက်ရေးအတွက်ငဲ့ပြီး တောကျော်လည်းသူတို့တောင်းပန်တာကိုစဉ်းစားပေးဖို့အလိမ္မာနဲ့တိုက်တွန်းပေးပါတယ်။အဲလိုသူကဝင်ပြီး တိုက်တွန်းပါမှပဲ မသီတာကဖြုတ်ကနဲထ,ပြီးသူ့အခန်းထဲဝင်ချသွားတာတော်တော်နဲ့ကို ပြန်ပြီးထွက်မလာတော့ဘူး။ အရင်ကလည်းအဆက်အဆံရှိခဲ့ဖူးတော့စကားတစ်ပြောပြောနဲ့ထိုင်စောင့်နေကြတာသူ့ကိုနှိမ်တဲ့ယောက္ခမကြီးကခပ်ရဲရဲခပ်သွက်သွက်။ အသက်ကမအေးတင်နဲ့ရွယ်တူလောက်ရှိမယ်.စကားပြောတာကပေါင်ပုတ်လက်ပုတ်တစ်ရင်းတစ်နှီးလုပ်လာတယ်။သူ့ကိုခေါ်တာကလဲမအေးတင်ကခေါ်သလိုပဲ.. ကိုလေး.ဆိုပါလား။နည်းနည်းကြာသွားတော့ မအေးတင်ကသူ့သမီးအခန်းထဲလိုက်ဝင်နားချနေတုန်း.လက်မောင်းကိုလာကိုင်လှုပ်ပြီး.
" သားသမီးအရေးမို့ ခေါင်းအုံနေလျက်ကြီးနဲ့လိုက်လာတာ ကိုလေးရဲ့..လေသန့်လေးရှူ ချင်လို့.မဌေးကိုခြံထဲခဏလိုက်ပြပါလား.."
အားနာနာနဲ့သူ့လင်ကြီးကိုကြည့်လိုက်တော့သွားကြီးအဖြဲသားနဲ့.
" ဟားဟား..မိန်းမကတော့လုပ်ပီ..ညီလေးကသူ့ဆိုင်အလုပ်တွေနဲ့အားမှန်းမသိ.မအားမှန်းမသိ..ကဲပါကွာ သဘော သဘော..ညီလေးရေမင့်အစ်မကိုသည်းခံပေးပါကွာ.အစ်ကိုကြီးတော့ သူ့ကိုမနိုင်ဘူး..ဟဲဟဲ "
တောကျော်လက်မောင်းကိုမလွှတ်ပဲဆွဲခေါ်လာတာသူတို့သားအဖနေရစ်ခဲ့ကြရတယ်။အိမ်မှာကဘာမှလဲ ထူးထူးထွေထွေပြစရာမရှိတော့ဒီတိုင်းခြေဦးတည့်ရာခေါ်လာရတာပေါ့..
YOU ARE READING
မှော်ရုံဝောာ
Fanfictionကိုယ်ကြိုက်လို့ အလွယ်တကူဖတ်လို့ရအောင် သိမ်းထားချင်လို့ တင်ထားတဲ့ စာတွေပါ။ စာရေးသူအားလုံးကို crdပေးပါတယ်။