ep-13

402 26 4
                                    

ကိုယ့်ဘဝရဲ့လေပြေညင်း

ရှောင်းကျန့် တံခါးဖွင့်ပေးလိုက်တာနဲ့
သူနောက်က လိုက်လာတဲ့ ဝန်ထမ်းကောင်လေးကို
အထုပ်တွေက နေရာချခိုင်းပြီးတာနဲ့
ထွက်သွားခိုင်းလိုက်သည်။

ထိုဝန်ထမ်းကောင်လေး ထွက်သွားတော့မှ
ရိပေါ်ကို ရှောင်းကျန့် အိပ်ရာပေါ်ကို
အသာလေးချပေးလိုက်သည်။

ရှောင်းကျန့် ရိပေါ်ကို
လေယာဥ်ပေါ်တည်းက အခုထိမထားတာတောင်
လေးတယ်လို့ လုံးဝမခံစားရတာကြောင့်
ကောင်လေးကို သေချာကြည့်လိုက်သည်။

ဟုတ်သားပဲ။
ရိပေါ် မျက်နှာလေးက
အရင်ရက်တွေထက် ပိုပြီးပိန်သွားသလိုပဲ။

မဖြစ်တော့ဘူး။
ရိပေါ်ကို အာဟာရရှိတာတွေ
များများကျွေးဖို့ လိုအပ်နေပြီ။
[ကျွန်တော်ကိုလည်း မကျွေးချင်ဘူးလား🙄]

ကောင်လေးငယ်က အိပ်နေတာလေးကအစ
အပြစ်ကင်းစင်းလွန်းတဲ့ မျက်နှာလေးနဲ့
ချစ်စရာ နှာတုံးလုံးလုံးလေးကြောင့်
ရှောင်းကျန့် ပြုံးမိပါသေးသည်။

ရိပေါ်လေးက တကယ်ကို
သူဘဝကို အားအင်ဖြည့်ပြီး
ရောက်ရှိလာတဲ့ သူအချစ်တွေကို
အပိုင်သိမ်းမဲ့ ကောင်လေးငယ်ပါပဲ။

ရိပေါ်က တကယ်ကို ချစ်စရာ
အကောင်ပေါက်လေးပဲ။

အိပ်နေရင်းတောင် မျက်နှာကို
သူလက်နဲ့ပွတ်နေသည်။

ရှောင်းကျန့် ရိပေါ်ရဲ့
နဖူးပေါ်က ဆံသားလေးတွေကို
အသာဖယ်လိုက်ကာ
ကောင်လေးရဲ့ နဖူးလေးကို
အနမ်းပေးလိုက်သည်။

ရိပေါ်ကြောင့် ကိုယ့်ရူးတော့မှာပဲ
ရိပေါ်သိလား.?

ရှောင်းကျန့် သက်ပြင်းအနည်းငယ်ကို
ချလိုက်ပြီး ရိပေါ်ခေါင်းလေးကို
ဖွနေမိသည်။

တီ...တီ...

ဖုန်းလာသံကြောင့် ရှောင်းကျန့်
ရိပေါ်ကို ခဏလေးထခဲ့ကာ
ဝန်းရံတာဘက်ကို ထွက်လာခဲ့သည်။

................

ရိပေါ် နိုးလာတော့ ညနေခင်းနဲ့
အခန်းတစ်ခုတည်း
ရောက်နေတာကြောင့် ကြောင်သွားသည်။

ကိုယ့်ဘဝရဲ့လေပြေညင်းWhere stories live. Discover now