အဆိပ်ပန်း part 27

637 24 0
                                    

အဆိပ်ပန်း part 27

အားးးးးးးး"

ရဲသွေး ဗူးထဲမှာမြင်လိုက်ရတာက သွေးပျက်စရာပင်
ကလေးသန္ဓေသား အသေ သွေးတွေရွှဲနေသည့်ပုံစံကို
ရော်ဘာနဲ့လုပ်ထားပီး အစစ်တိုင်းဖြစ်နေသည် ကလေးရဲ့မျက်လုံးတွေက ပြူးထွက်နေပီး သူ့ကိုကြည့်နေသည်.......

"မိစု....ရေ...မိစု.....အမေ....အမေ....."

ရဲသွေး အသံကျယ်ကျယ်ဖြင့် အိမ်မှာရှိတဲ့သူတွေအကုန်အော်ခေါ်လိုက်ပီး ဗူးထဲကိုပြန်ကြည့်မိသည်
သူ့ရှေ့က မြင်ကွင်းက သူ့စိတ်ကိုခြောက်နေသည် ဒီကလေးအသေရုပ်ကို မြင်တော့ တစ်ချိန်က သူကိုယ်တိုင်သူ့ရင်သွေးကိုသတ်ခဲ့တဲ့ အချိန်ကခေါင်းထဲအလိုလိုဝင်လာခဲ့ပီး လက်တွေပင်တုန်လာရပါသည်..

"ဘာဖြစ်တာ လဲသား...အမလေး...."

ဒေါ်တင့်တင့်ရီ အပေါ်ထပ်က သားရဲအော်သံကြောင့် အပေါ်သို့ပြေးတက်လာခဲ့ပီး မောကြီးကန်းကြီးဖြင့်မေးလိုက်ရင်း သားခြေထောက်နားကဗူးထဲကိုကြည့်မိတော့ သူမအတော်လေးလန့်သွားရပီး ဘုရာတမိသွားသည်..

"ဘာကြီးလဲ...ဘယ်ကနေရောက်လာတာလဲ...."

"မသိဘူး...သားလဲ deliလာပို့သွားတာတဲ့...."

"စုစုရေ....စုစု...."

"ရှင်ကြီးကြီး......"

"ဒါတွေသွားလွှတ်ပစ်စမ်း ကျက်သရေမရှိဘူး ဗိုက်ကြီးသည်ရှိတဲ့အိမ်ကို ဘယ်က ကလေကဝတွေကပို့လိုက်လဲမသိဘူး အောက်တန်းကျလိုက်တာ..."

ဒေါ်တင့်တင့်ရီ လဲ ခလေးသေအရုပ်ကြောင့် အတော်လေး ဒေါသထွက်နေရသည် သားကိုကြည့်ရတာလဲညသွေးပျက်နေတဲ့ပုံစံဖြင့်ကြောင်တောင်တောင်ဖြစ်နေတာကြောင့် စုစုကိုခေါ်ပီး လွှတ်ပစ်ခိုင်းလိုက်သည်

"ဟုတ်ကြီးကြီး"

စုစုလဲ ထိုဗူးကိုယူကာ အခန်းထဲကထွက်သွားတော့သည်

"အမေ...လွန်းပြန်မလာသေးဘူးလား..."

ရဲသွေး...ကလေးအသေကိုတွေ့တော့ လွန်းနဲ့ လွန်းဗိုက်ထဲကခလေးတစ်ခုခုဖြစ်မှာစိတ်ပူလာရသည်
သူ့လက်နဲ့သူ့ရင်သွေးကိုသတ်ခဲ့တယ်ဆိုတာကြီးက
သူ့စိတ်ကိုခြောက်လန့်နေသည်...သူ5နှစ်လုံးလုံးမေ့မေ့ပြောက်ပြောက်ဖြစ်နေပီး..အခုမှ သူ့လုပ်ရက်တွေကို ပြန်သတိရစေဖို့ အကြောင်းတွေကဆက်လာသည်

အဆိပ်ပန်းWhere stories live. Discover now