Part-1

29 1 0
                                    



"ဟား ဟား ဟား"

ကြောက်စရာကောင်းလွန်းလှတဲ့ ရယ်သံနက်ကြီး တစ်ခုသည် အလုံပိတ် အခန်းတခုလုံးအား လွှမ်းမိုးသွားခဲ့လေသည်။
နောက် လက်ထဲမှ ဘောပင်တစ်ချောင်းကိုလည်း လှပ
သေသပ်​စွာ လှည့်၍ ကစားနေသေးသည်။ မသိလျှင် ဘာမှမသိတဲ့ သူတစ်ယောက်လို အေးအေးဆေးဆေး နေနေပုံက
အခန်းထဲရှိ လူအားလုံး အား ပို၍ သွေးပျက်စေနေပြီ ဖြစ်သည် ။ သူတို့အမှားကို သူတို့သိသည် မလား

ထို့နောက် အခန်းတစ်ခုလုံး တိက်ဆိက်နေစဥ်
ကြောက်စရာလည်း ကောင်းသလို
ယစ်မူးချင်စရာ အသံသြရှရှ တစ်ခု ထပ်၍ ထွက်ပေါ်လာခဲ့သည်။

"ဘယ်လိုလဲ လူကြီးမင်းတို့ အခုထိဝန်မခံ ကြသေးဘူးဆိုတော့ လူကြီးမင်းတို့က ကျုပ်ကို မကြောက်တဲ့သဘောလား!"

ထိုသို့ မေးလာတော့မှ အခန်းထဲက လူအားလုံးသည်
အလှအယက် ခေါင်းအတွင်တွင်ခါ ပြကြတော့သည်
ဒါကို မြင်တဲ့ သမိုင်း ကတော့ မဲ့ပြုံး တစ်ခုလုပ်ပြုံး လိုက်ကာ ဘေးမှာ ရှိနေတဲ့ ဖိုင်တစ်ခုကို လှမ်းယူလိုက်သည် ပြီးမှ

"သက္က ဒါတွေ ဝေပေးလိုက်!"

မာကြောသော လေသံတစ်ခု တွင် အထက်စီးဆန်သော
အမိန့် တစ်ခုကပ်ပါ လာလေသည်
ထို အခါ သက္ကမှာလည်း CEO ဆီမှ ဖိုင်များအား အမြန်ယူကာ အခန်းထဲရှိ ရှယ်ယာရှင်တွေ အားလုံးကို လိုက်ဝေ ပေးလိုက်သည် ။
သူတို့ လက်ထဲက ဖိုင်တွေက နားမလည်ဟန် ကြည့်နေကြသော လူတွေကို သမိုင်းက စိတ်ရူပ်စွာ မျတ်ခုံးထူထူတို့ကို တွန့်ချိုးလိုက်ခါ ပြီးမှ ထိုလူတွေကို ကြည့်လိုက်ပြီ

"ဖွင့်ကြည့်ကြ အဲ့ထဲမှာ ခင်ဗျတို့အတွက် လက်ဆောင်ရှိတယ် "

သမိုင်း စကားကြားမှ အမြန်ဖွင့်ကြည့်နေကြတဲ့ သူများ
တစ်မှဟုတ်ချင်း ပြောင်းလဲ သွားတဲ့ သူတို့မျတ်နှာတွေက်ို
သမိုင်း အရသာ ခံ ကြည့်နေလိုက်သည်။
ဖြစ်ပျတ်နေကြလိုက်တာများ မသိရင်
ကုမ္ပဏီကို ရောင်းစားဖို့လုပ်တာ သူတို့မဟုတ်တဲ့အတိုင်းပဲ..

ထိုထဲမှ အသက်အကြီးဆုံး ရှယ်ယာရှင် ဖြစ်သူက

"ဟို ဟို မောင်ရင် ဒီကိစ္စက ဦး တို့တမင်လုပ်ခဲ့ကြတာ မဟုတ်ပါဘူး ဦးတို့လည်း မတက်နိုင်တော့လို့ပါ
မောင်ရင် ဦး တို့ကို နားလည်ပေးစေလိုတယ်"

You are essential in My life  Where stories live. Discover now