Part-2

6 1 0
                                    

ဒီနေ့တော့ နွမ်းတစ်ယောက် အတော် အားနေတယ် ပြောရမယ်
အရင်ကမှ မေမေ့ဆိုင်မှာ သွားထိုင်ရသေးတယ်
ဒီနေ့တော့ ဆိုင်ပိတ်ထားတာကြောင်း သွားစရာမလိုတော့
မေမေက သူ့အမျိုးတွေဆီ အလည်သွားတာ မနေ့ကတည်းကပင် အဲ့တော့ ဒီနေ့အိမ်မှာ နွမ်းတစ်ယောက်ထဲ ပျင်းလို့ သေတော့မည်ပင်...

"ပျင်းလိုက်တာကွာ Tvမှာကလည်း ဘာတွေ လာနေမှန်းကိုမသိဘူး မကြည့်ဘူးဟာ အင့် ပိတ်လိုက်မယ်"

နွမ်း Tv ကိုပိတ်ကာ စားပွဲပေါ်က ဖုန်းကို သာ
ပြန်ကြည့်နေလိုက်တော့သည်။
Internetဖွင့်လိုက်တယ် ဆိုရင်ပဲ
တစ်ဒေါင်ဒေါင် ဝင်လာတဲ့ Messageတွေ
ဖွင့်ကြည့်စရာမလို သေချာပေါက် ဟိုနှစ်ယောက်
Gp မှာ လေပေါ ထားတာတွေပဲ ဖြစ်မှာ

နွမ်းလည်း ပျင်းတာနဲ့ သူတို့ပြောထားတာတွေကိုသာ
ထိုင်ဖက်ကြည့်နေလိုက်တော့သည်။

"တော်တော် အားနေကြတယ် ထင်တယ် ဒီနှစ်ယောက်
သူတို့ Idol  သမိုင်းတခေတ် ဆိုသူရဲ့ အကြောင်းတွေကြည့် ပြောနေကြတာ အဲ့လူက ဘယ်လောက်များ ချောတာမို့လဲ အလကား သူများအကြောင်းကို အဟုတ်လုပ်လို့"

သူတို့က တော့ နွမ်းသူငယ်ချင်း အိအိထွေးနဲ့ ဟန်လင်းသူ တို့ပင် ငယ်ငယ်ကတည်း က လည်ပင်းဖက် ပေါင်းလာတဲ့သူတွေမို့ ၃ယောက်လုံးက ပြောမနာဆိုမနာ တွေ ၊ဟန်လင်းသူ ကတော့ သူ့ကိုသူ gay လို့ခံယူထားသူပင် နွမ်းကတော့ ဘာရယ်လို့ မဟုတ်ပါဘူး
ကြိုက်တဲ့သူဆို ဘယ်လိုပုံစံမျိုးပဲ ဖြစ်ဖြစ် လက်ခံမယ့်သူသာ

နွမ်းmessage တွေကိုသာ ဝင်ဖက်ကြည့်နေလိုက်တော့သည်

"အားအားယားယား သူများအကြောင်းကိုများ
လက်အညောင်းခံပြီ ထိုင်ပြောထားလိုက်ကြတာများ
လင်တရူးတွေ အလကား အလုပ်ကြ လုပ်ကြမယ်မရှိဘူး
အားနေ လင်တပဲထိုင်ရူးနေကြတာ နင်တို့တွေ😕 "

နွမ်း လည်း အမြင်ကပ်ကပ်နဲ့ Gpထဲမှာ ဝင်ရေးလိုက်တော့
အချိန်ကိုက်ကို ဝင်လာတဲ့ ဖုန်း callတစ်ခု
သေချာကြည့်လိုက်တော့ သူ၏သူငယ်ချင်း ဟန်လင်းသူ ဆီကမို့၊ ပို့ထားတဲ့စာ ကြောင့်လားလို့ထင်ကာ
ချက်ချင်း ပြန်ပြေးကြည့်ရပါသေးသည်။ စာက
seen မပြထားတာကို တွေ့မှ ဟိုနှစ်ကောင်မတွေ့သေးဘူးဆိုတာသိ၍ စိတ်အေးရပါတော့သည်။

You've reached the end of published parts.

⏰ Last updated: Apr 20 ⏰

Add this story to your Library to get notified about new parts!

You are essential in My life  Where stories live. Discover now